ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းများအား ထောက်ပံ့ပေးမှုသတင်း

 
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ လီဆူနှစ်ခြင်းဘော်ဒါ IDPs စခန်းမှ အိမ်ထောင်စု (၁၁၃)စု လူဦးရေ(၆၄၅)ဦးအတွက် paris ဆပ်ပြာ (၆၄၅)ခဲ၊ ထုံးအိတ်(၁၀)အိတ်၊ နှစ်-၂၀၀၀ (RC)IDPs စခန်းမှအိမ်ထောင်စု (၁၆၆)စု၊ လူဦးရေ (၇၈၇)ဦးတို့အတွက်ဆပ်ပြာ(၇၈၇)ခဲနှင့် ထုံး(၁၀) အိတ်၊ ရောဘတ်ကျောင်းIDPs စခန်းမှအိမ်ထောင်စု (၆၂၈)စု၊ လူဦးရေ (၃၉၅၅) ဦးတို့အတွက်ဆပ်ပြာ (၃၉၅၅)ခဲနှင့် ထုံး(၁၀) အိတ်၊ မူရင်းနှစ်ခြင်း lDPs စခန်းမှ အိမ်ထောင်စု (၁၁)စု၊ လူဉီးရေ (၅၀) ဦး တို့အတွက်ဆပ်ပြာ (၅၀) ခဲနှင့် ထုံး (၁၀) အိတ်၊ ထွယ်ဆန်ကျောင်း lDPs စခန်းမှ အိမ်ထောင်စု (၃၇)စု၊ လူဦးရေ (၂၁၆) ဦးတို့အတွက် ဆပ်ပြာ (၂၁၆) ခဲနှင့် ထုံး (၁၀) အိတ်၊ ဖန်ခါးကုန်း IDPsစခန်းမှ အိမ်ထောင်စု (၆၆)စု၊ လူဦးရေ(၃၄၆)ဦး တို့အတွက် ဆပ်ပြာ(၃၄၆) ခဲနှင့် ထုံး (၁၀) အိတ်၊ တို့ကို (၅-၁၀-၂၀၂၀)ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
#ar
#kcn_oct2020
 
 
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events