Latest News
-
ကမ်းပြိုဘေးသင့်ကြိုတင်ပြောင်းရွှေ့ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင် ကျေးရွာ၌ (၅-၁၁-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက်အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၀၀,၀၀ဝိ/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၈,၄၀ဝိ/-)၊ စုစုပေါင်း ကယ်ဆယ်ရေး ရန်ပုံငွေ (၁၀၈,၄၀ဝိ/-)အား (၆-၁၁-၂၀၂၀) ရက်နေ့၊( ၁၃:၃၀ )နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၁-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျေးရွာအုပ်စု(၂)အုပ်စု၊ကျေးရွာ(၂)ရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ မျောပါပျက်စီးနေအိမ်(၂)လုံးနှင့် ကြိုတင် ပြောင်းရွှေ့နေအိမ်(၂)လုံးတို့အတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၄)စုရှိ လူဦးရေ (၂၁)ဦးတို့ အတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာဖိုးထောက်ပံငွေ (၄၄၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၄၄၁၀၀/-)ကျပ်နှင့် မျောပါနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စာ၊ ကြိုတင်ပြောင်းရွှေ့နေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၂)အိမ်ထောင်စာတို့အား (၆-၁၁-၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ဘေးသင့်နေအိမ်များ၌ လက်ပံတန်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်အတူ … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၀-၂၀၂၀) ရက်နေ့၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရေငန်ကျေးရွာ အုပ်စု၊ ရေငန်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ထောက်ပံ့ငွေ (၁၀၅၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၀၅၀၀/-)ကျပ်အား (၆-၁၁-၂၀၂၀)ရက်နေ့ (၁၂:၀၀)နာရီ အချိန်တွင် လက်ပံတန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံးခန်း၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ပြန်/ဆက … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၁၁.၂၀၂၀)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီချိန်မှ နေ့လည် (၁၂:၀၀)နာရီချိန်ထိ လှိုူင်းဘွဲမြို့နယ်အတွင်းရှိ နားဒိုက်ကျေးရွာ၊ တခင်းလုံကျေးရွာနှင့် တဝန်ဖန်ရကျေးရွာတို့၌ Covid -19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_nov2020 Source: လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရေနံချောင်းမြို့နယ်၊ (ဖောင်းကတော (တောင်) ကျေးရွာ၊ ဖောင်းကတော (မြောက်) ကျေးရွာ၊ ကြည့်မြင် (တောင်) ကျေးရွာ) များတွင် လှည့်လည်၍ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_nov2020 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်နှုန်း မပြန့်ပွားစေရန် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်း ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၁-၂၀၂၀) ရက်နေ့တွင် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်နှင့် မြို့ဟောင်း ရပ်ကွက်တို့တွင် COVID-19 အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #chn_nov2020 Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









