ကမ်းပြိုဘေးသင့်ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကံလှကျေးရွာတွင် (၁၄-၁၁-၂၀၂၀)ရက်နေ့၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စု (၃၆) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်ထောင်လျှင် (၁၀၀,၀၀၀/-)ကျပ်နှုန်းဖြင့် ထောက်ပံ့ရန်ပုံငွေ (၃,၆၀၀,၀၀ဝ/-) အား (၁၅-၁၁-၂၀၂၀) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဘေးဖြစ်ပွားရာ ဒေသသို့သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe
#mgy_nov2020
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events