ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆင်တိုးကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် အကြိုငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း - အိမ်မဲမြို့နယ်၊ ကမန်းတောင်ကျေးရွာအုပ်စု၊ အုန်းတောစုကျေးရွာတွင် စက်ရေတွင်း တွင်းနက်တူးဖော်မှု သတင်း - မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကမန်းတောင်ကျေးရွာအုပ်စု၊ အုန်းတောကျေးရွာတွင် စက်ရေတွင်း တွင်းနက်တူးဖော်ခြင်း ဆောင်ရွက်မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာအုပ်စု၊ သိုက်တူးကန်ကျေးရွာ၌ ဖြစ်ပွားသော လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာတွင် သဘာဝဘေး အသိပညာပေး‌ဟောပြောပွဲပြုလုပ်မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုး ဆော်ချက် အမှတ်စဉ် (၂/၂၀၂၆) - ပြည်ထောင်စုနယ်နယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အနော်ရထာရပ်ကွက်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းကျေးရွာအုပ်စု၊ သာယာအေးကျေးရွာ၌ မီးဘေးထောက်ပံ့မှု သတင်း - ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ (သရက်တော၊ ပိုးစာတော၊ မသိမ်)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း - ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စုတွင် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍  ဆောင်ရန်/ရှောင်ရန်တို့ကို အသိပညာပေးဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီး ကျေးရွာနှင့် ပေါက်ငူကျေးရွာအုပ်စုများတွင် လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအပြီးသတ် ဆောင်ရွက်ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးဦးကာလများဖြစ်သော ဧပြီလနှင့် မေလများ၌ နှစ်စဥ် ဖြစ်ပွားလျက်ရှိသည့် လေပြင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ လေပြင်းဒဏ်ခံ နိုင်သော ရပ်ရွာအသိုက်အဝန်းတစ်ခုဖြစ်စေရန်နှင့်  လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် အိုးအိမ်ဖြည့်တင်း ပြင်ဆင်ခြင်းလုပ်ငန်းများကို မင်းဘူး(စကု)မြို့နယ်၊ မန်းကျိုးကျေးရွာအုပ်စု၊ ထုံးမကြီး ကျေးရွာနှင့် ပေါက်ငူကျေးရွာအုပ်စု၊ ပေါက်လေးပင်ကျေးရွာတို့တွင် (၂၈-၁-၂၀၂၅)ရက်နေ့မှ (၃၁-၁-၂၀၂၅)ရက်နေ့အထိ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိ ရပ်ဖများနှင့်အတူ ပူးပေါင်း၍ အပြီးသတ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #prep_sgw #‌mgy_Feb_2025 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာအုပ်စု၊ လေးပင်စုကျေးရွာ၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာအုပ်စု၊ လေးပင်စုကျေးရွာ၌ (၄-၂-၂၀၂၅)ရက်နေ့ (၂၂:၄၅) အချိန်ခန့်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့်လုံးဝပျက်စီးခဲ့သော လူနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-)၊ ဘေးသင့်လူဦး​ရေ (၁၄)ဦးအတွက် ဆန်ရိက္ခာဖိုး​ထောက်ပံ့ငွေ (၂၉၄၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၂၉၄၀ဝိ/-)နှင့်​ ကယ်ဆယ်ရေးပစ္စည်း(၁၆) မျိုး (၁၀၇၆၇၈/-)၊ (၃) အိမ်ထောင်စုစာတို့အား နွယ်ရစ်ကျေးရွာအုပ်ချုပ်​ရေးမှူး၊ တပ်ကုန်းမြို့နယ်ထွေအုပ်မှ ရပ်ကျေးတာဝန်ခံတို့နှင့်အတူ (၅-၂-၂၀၂၅) ရက်နေ့၊ (၁၂း၄၅) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၃)ရပ်ကွက်၊ မင်းစမ္မလမ်း၊ ရွှေကမ္ဘာအိမ်ယာ (၇)လမ်း၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၈-၁-၂၀၂၅)ရက်နေ့ (၂၀:၄၅)နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ်(၃)ရပ်ကွက်၊ မင်းစမ္မလမ်း၊ ရွှေကမ္ဘာအိမ်ယာ (၇)လမ်းတွင် မီးလောင်မှု‌ကြောင့် နေအိမ် (၁)လုံး (တစ်စိတ်တစ်ပိုင်းပျက်စီး)၊အိမ်ထောင်စု(၁)စု၊ လူဦးရေ (၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၂၆၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၅၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့‌ငွေကျပ် (၆၂၆၀ဝိ/-) အားလည်းကောင်း၊ (၂၁-၁-၂၀၂၅)ရက်နေ့၊ (၀၂:၃၂) နာရီအချိန်၌ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဇာတိမာန်လမ်းတွင် မီးလောင် မှုကြောင့် နေအိမ် (၁)လုံး … Read more

  • ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အ.ထ.က(၁)၊ ပညာရတနာခန်းမတွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေးပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၂.၂၀၂၅) ရက်နေ့တွင် မြောင်းမြမြို့၊ အ.ထ.က(၁)၊ ပညာရတနာခန်းမတွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ စဥ်ဆက်ပညာရေးလုပ်ငန်းမြို့နယ်(၂၆) မြို့နယ်၊ မြို့နယ်အဆင့် ဆင့်ပွားသင်တန်း၌ ဆရာ၊ ဆရာမ(၁၂၀)ဦးအား  သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော အကြောင်းအရာများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအားဆွေးနွေးပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_feb_2025 Source:   မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊ အ.ထ.က(၁) သင်တန်းခန်းမ၌ သဘာဝဘေးအသိပညာပေး ဆွေးနွေးပို့ချမှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃.၂.၂၀၂၅)ရက်နေ့တွင်လပွတ္တာမြို့နယ်၊ အ.ထ.က(၁)၊ သင်တန်းခန်းမ၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ပညာ​ရေးဝန်ကြီးဌာနတို့ ပူး​ပေါင်းကျင်းပသည့် စဥ်ဆက်ပညာ​ရေးလုပ်ငန်း မြို့နယ်(၂၆)မြို့နယ်၊မြို့နယ်အဆင့်ဆင့်ပွားသင်တန်း၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်​ သောအ​ကြောင်းအရာများနှင့်​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား​ အသိပညာပေးဆွေး​နွေးပို့ချခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။ #ar #‌ayy_Feb_2025 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

  • အိမ်မဲမြို့နယ်၊ တကောကျေးရွာအုပ်စု၊ ကံစုကျေးရွာ၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၃-၁-၂၀၂၅) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ တကောကျေးရွာအုပ်စု၊ ကံစုကျေးရွာရှိ  သက်ကြီးရွယ်အို၊ အမျိုးသမီးဦးဆောင်သည့်အိမ်၊ မသန်စွမ်း၊ လူဦးရေများပြီး ဆင်းရဲနွမ်းပါးသည့် မိသားစု နေအိမ်များအား ဦးစားပေးရွေးချယ်ပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံ ပြင်ဆင် ခြင်းလုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့များ၊ကြက်ခြေနီတပ်ဖွဲ့များ၊ သစ္စာရှင်ပရဟိတအဖွဲ့နှင့် ပြည်သူလူထုများ ပူးပေါင်း၍ ဆောင်ရွက်ခြင်း၊ လေပြင်းဘေး‌ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး နေအိမ်အားမွမ်းမံ ပြင်ဆင်ပေးမှုနှင့်စပ်လျဉ်း၍ … Read more