ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • သေဆုံးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၂-၂၀၂၀) ရက်နေ့တွင် မောင်တောမြို့နယ်၊ အောင်ဇံကျေးရွာအုပ်စု၊ အောင်ဇံကျေးရွာမှ တောဆင်ရိုင်း ရစ်ပတ်လွှင့်ပစ်မှုကြောင့် လူ(၁)ဦးသေဆုံးခဲ့ရာ အဆိုပါသေဆုံးသူ၏ ဇနီးဖြစ်သူထံ ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ (၇-၁၂-၂၀၂၀) ရက်နေ့တွင် တာဝန်ရှိသူမှထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #rke_nov2020

  • ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးပန္နက်တင် အခမ်းအနားဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ဦးစီးမှူးရုံးဆောက်လုပ်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနား ကို(၆-၁၂-၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #office_dev #mgy_nov2020

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၁၂-၂၀၂၀)ရက် (၂၁:၂၀)နာရီခန့်တွင်မောင်တောမြို့၊ ရွှေဇားအုပ်စု၊ ရွှေဇားကပ္ပကောင်းကျေးရွာတွင် အာဆူမာ(ဘ)အူလာမျှာ၏နေအိမ်မှ မီးလောင်မှုဖြစ်ပွားခဲ့ရာ (၁၂ပေ ၁၅ပေ ၈ပေ)မြေစိုက်လူနေအိမ်(၄)လုံး မီးလောင်ဆုံရှုံးခဲ့ပြီး အဆိုပါမီးဘေးကြောင့်(၄)စုမှ လူဦးရေ(၂၄)ဦးတို့ မီးဘေးသင့်ခဲ့ရပြီးအဆိုပါ မီးဘေးသင့် အိမ်ထောင်စု(၄)စုအား ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အထစ(၄)စုစာ လူ(၂၄)ဦးအတွက်ဆန်(၇)ရက်စာဖိုးထောက်ပံငွေ(၅၀,၄၀ဝိ/-)၊ လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝိ/-)နှုန်းဖြင့် လူနေအိမ်(၄)လုံးအတွက်ထောက်ပံ့ငွေ(၄၀၀,၀၀၀/-)ကျပ်အား (၆-၁၂-၂၀၂၀)နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး #ha_fir #rke_dec2020

  • Covid-19 ရောဂါကူးစက်မှုနှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၁၂.၂၀၂၀) ရက်နေ့၊ နေ့လယ်ပိုင်းတွင် နောင်တရားမြို့နယ်ခွဲ၊ ကုန်းလော့ကျေးရွာနှင့်‌‌ မီးသွေးချောင်းကျေးရွာတို့၌ COVID-19 ရောဂါကူးစက်မှုနှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေး ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2020 Source:  ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါကူးစက်မှုနှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၁၂.၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းတွင် နောင်တရားမြို့နယ်ခွဲ၊ ဆည်ခေါင်းကျေးရွာနှင့်‌ တီကျစ် ကျေးရွာတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများလိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေး ခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2020 Source:  ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါကူးစက်မှုနှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၂-၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ ပဒါန်း ကျေးရွာ၊ မိုးကောင်းဦးကျေးရွာ၊ မန်ကျည်းပင်ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးအစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ ဟောပြောခြင်း၊ နှာခေါင်းစည်း (Mask) များဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါ‌ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2020 Source:  မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)