ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID – 19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် ပါ၀င်ကြမည့် စေတနာ့၀န်ထမ်းများကို သင်တန်းပေးခြင်းနှင့် အားပေးစကားပြော ကြားခြင်း အစီစဉ်တွင် ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ပါ၀င်ဆွေးနွေးမှုသတင်း

    ၅-၁၂-၂၀၂၀၊ နေပြည်တော် COVID–19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် ပါ၀င်ကြမည့် စေတနာ့၀န်ထမ်းများကို ဆင့်ပွားသင်တန်းပေးခြင်းနှင့် အားပေး စကားပြောကြားခြင်းအစီစဉ်ကို Online စနစ်ဖြင့်ကျင်းပရာ  လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာ၀င်းမြတ်အေး၊ အမြဲတမ်းအတွင်း၀န်၊ လူမှု၀န်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊  မြန်မာနိုင်ငံဆရာ၀န်အသင်း၊ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတို့မှ သင်တန်းဆရာ၊ ဆရာမများ၊ အမျိုးသား အဆင့်စေတနာ့၀န်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံးအဖွဲ့၀င်များ၊ နေပြည်တော်ကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ သင်တန်းသား စေတနာ့၀န်ထမ်း(၁၃၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ ပြည်ထောင်စု၀န်ကြီးက အားပေးစကားပြောကြားရာတွင် COVID – 19 … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၂-၂၀၂၀) ရက်နေ့၊ နေ့လည်ပိုင်းတွင် တောင်ကြီးမြို့နယ် ၊ကျောက်တလုံးကြီးမြို့နယ်ခွဲ ကက္ကူကျေးရွာနှင့်ကျောက်တလုံးကြီးကျေးရွာတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_dec2020

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၁၂.၂၀၂၀) ရက်နေ့တွင် ညောင်ရွှေမြို့နယ် ကျေးပေါခုံကျေးရွာအုပ်စု၊ ကျားတွန်ကျေးရွာ တွင် ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀/-) ကျပ် လူဦးရေ(၂၁)ဦး အတွက် ဆန်ရိက္ခာဖိုး (၇)စာထောက်ပံ့ငွေကျပ် (၄၄၁၀၀/-) ကျပ်၊ စုစု​ပေါင်း​ထောက်ပံ့ငွေကျပ် (၄၄၄၁၀၀/-) ကျပ်နှင့် အိမ်ထေင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး (၄)အိမ်ထောင်စုစာအား(၄-၁၂-၂၀၂၀)ရက်နေ့တွင် မီးဘေးသင့်ပြည်သူ များ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲထီဖောင်းကျးရွာနှင့်‌ေနာင်‌ေယွးကျေးရွာတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_dec2020

  • သဘာဝဘေးခိုလှုံရာအဆောက်အဦ (Cyclone Shelter) တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၁၂.၂၀၂၀)ရက်နေ့ (၁၄:၀၀)အချိန်တွင် ညွှန်ကြားရေးမှူး၊ ဒေါ်၀င်းစန္ဒာကြည်သည် မြိတ်ခရိုင်ရုံးနှင့် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများနှင့်အတူ တနင်္သာရီမြို့နယ်၊ မြေမအုံ ကျေးရွာတွင် မြိတ်တော်၀င်ပုလဲကုမ္ပဏီမှ တင်ဒါအောင်မြင်တည်ဆောက်လျက်ရှိသော သဘာဝဘေးခိုလှုံရာအဆောက်အဦ (Cyclone Shelter) (၆၀ x ၆၀ x ၂၄)ပေ သံကူကွန်ကရစ်တစ်ထပ်တည်ဆောက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု့ ခဲ့ပြီး စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ သတ်မှတ်အရည်အသွေးပြည့်မီစေရေးနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်း လိုအပ်ချက်များအား ကုမ္ပဏီတာ၀န်ရှိသူများအား လမ်းညွှန်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #infra_dev #tny_dec2020 … Read more

  • Covid-19 ရောဂါကူးစက်မှုနှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၁၂-၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ ညောင်ပင် စောက်ကျေးရွာ၊ ဒိုးပင်ကျေးရွာ၊ တောင်ကိုင်းကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ရပ်ကွက်နေ ပြည်သူတို့အား အသိပညာပေးအစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ ဟောပြောခြင်း၊နှာခေါင်းစည်း (Mask) များဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါ‌ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2020 Source:  မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)