Covid-19 ရောဂါကူးစက်မှုနှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၁၂.၂၀၂၀) ရက်နေ့၊ နေ့လယ်ပိုင်းတွင် နောင်တရားမြို့နယ်ခွဲ၊ ကုန်းလော့ကျေးရွာနှင့်‌‌ မီးသွေးချောင်းကျေးရွာတို့၌ COVID-19 ရောဂါကူးစက်မှုနှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေး ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_dec2020

Source:  ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events