ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID-19ကူးစက်ရောဂါအသိပညာပေးခြင်းနှင့် မီးဘေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ  တာ၀န်ရှိသူများသည် (၁၇-၁၂-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီမှစ၍ ခန္တီးမြို့နယ်၊ မြို့မရပ်ကွက်နှင့် ဇီးဖြူကုန်းရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါအသိပညာပေးနှင့် မီးဘေးအသိပညာပေးခြင်းအား အသံချဲ့စက်ဖြင့်လှည့်လည် အသိပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်​ဝေခြင်းအား​‌‌ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #sgg_dec2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအသိပညာပေးဗီနိုင်းပိုစတာ အသစ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ဗိုလ်ဗထူးလမ်းနှင့် သိပ္ပံလမ်းထောင့်၌ အများပြည်သူများ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိနိုင်စေရန် (9’x6′)မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအသစ်စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2020 Source: မြောင်းမြမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇ -၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်မှ (၁၅:၀၀)အချိန်အထိ ဖောင်းပြင်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ ကုန်းအောက်တောင်းကျေးရွာ၊ ရွှေညောင်ပင်ကျေးရွာ၊ ရွှေပုဂံကျေးရွာနှင့် ချောင်းခွကျေးရွာအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်‌ဝေခြင်းအားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇ -၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်မှ (၁၅:၀၀)အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ဇေယျာသီရိမြို့နယ်၊ ကျောက်ချပ်ကျေးရွာအုပ်စု၊ ကျောက်ချပ်ကျေးရွာ၊ အိုင်စောက်ကျေးရွာ၊ သာယာအေးကျေးရွာ၊ ထိန်ပင်ကျေးရွာ၊အလယ်ကျေးရွာ၊ ရှမ်းကျေးရွာအတွင်းရှိ ပြည်သူများအား အသိပညာပေးခြင်း၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့်ဆေးရည်ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_dec2020 Source:             နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)  

  • မီးဘေးအသိပညာပေးဗီနိုင်းပိုစတာပြောင်းလဲစိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ အ.ထ.က(၁)ကျောင်းရှေ့၊ ဘူတာလမ်းဆုံ၌ အများပြည်သူများ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတ များ ရရှိစေရန်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိနိုင်စေရန်အတွက် ယခင်စိုက်ထူထားသော မုန်တိုင်းဘေး အသိပညာပေး ဗီနိုင်းပိုစတာအစား မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအား ပြောင်းလဲစိုက်ထူပြီးစီးပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_dec2020

  • သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်သစ် စိုက်ထူခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပြည်သူများအား သဘာဝဘေးများနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို သိရှိနိုင်ရန်အတွက် (၁၇-၁၂-၂၀၂၀) ရက်နေ့၊ (၁၂:၀၀)နာရီ၌ သံဖြူဇရပ်မြို့၊ ကျောင်းပိုင်းရပ်ကွက်၊ မော်လမြိုင် – ရေး ကားလမ်းမဘေး၊ မွန်ဓမ္မာရုံရှေ့တွင် မီးဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်အသစ် စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2020 Source:             သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)