လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇ -၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်မှ (၁၅:၀၀)အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ဇေယျာသီရိမြို့နယ်၊ ကျောက်ချပ်ကျေးရွာအုပ်စု၊ ကျောက်ချပ်ကျေးရွာ၊ အိုင်စောက်ကျေးရွာ၊ သာယာအေးကျေးရွာ၊ ထိန်ပင်ကျေးရွာ၊အလယ်ကျေးရွာ၊ ရှမ်းကျေးရွာအတွင်းရှိ ပြည်သူများအား အသိပညာပေးခြင်း၊ ရေသန့်ဆေးထုပ်များနှင့် လက်သန့်ဆေးရည်ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#npw_dec2020
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)