မီးဘေးအသိပညာပေးဗီနိုင်းပိုစတာပြောင်းလဲစိုက်ထူမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ အ.ထ.က(၁)ကျောင်းရှေ့၊ ဘူတာလမ်းဆုံ၌ အများပြည်သူများ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတ များ ရရှိစေရန်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိရှိနိုင်စေရန်အတွက် ယခင်စိုက်ထူထားသော မုန်တိုင်းဘေး အသိပညာပေး ဗီနိုင်းပိုစတာအစား မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအား ပြောင်းလဲစိုက်ထူပြီးစီးပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#mon_dec2020

Sign Up

Upcoming Events