လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၇-၁၂-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီမှစ၍ ခန္တီးမြို့နယ်၊ မြို့မရပ်ကွက်နှင့် ဇီးဖြူကုန်းရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါအသိပညာပေးနှင့် မီးဘေးအသိပညာပေးခြင်းအား အသံချဲ့စက်ဖြင့်လှည့်လည် အသိပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
#ar
#sgg_dec2020
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)