Latest News
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၃.၁၂.၂၀၂၀) ရက်နေ့၌ ဖားကန့်မြို့နယ်ရှိ အေးမြသာယာရပ်ကွက်၊ မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ မရှီကထောင်ရပ်ကွက်နှင့် မော်၀မ်းရပ်ကွက်တို့တွင် COVID-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အများပြည်သူများ သိရှိလိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အသိပညာများအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် Mask များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_dec2020 Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၂-၂၀၂၀) ရက်နေ့၊(၁၀:၀၀) နာရီအချိန်မှ(၁၄:၀၀)နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဲအိမ်ကျေးရွာနှင့် မဲဘောင်ကျေးရွာတို့တွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွား စေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များကိုအသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ကြေညာခဲ့ခြင်းအားဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #mon_dec2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၂-၂၀၂၀)ရက်နေ့ (၁၀:၀၀)မှ(၁၃:၀၀)အချိန်ထိ မော်လမြိုင်မြို့နယ်၊ ကော့ခနိကျေးရွာတွင် Covid-19 ရောဂါကူးစက်ပြန့်ပွါးမှုများ မဖြစ်ပွါးစေရန်အတွက် ပြည်သူများအား အသိပညာပေးနှိိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ ရွှေဇားအုပ်စု၊ ဂုံးနားရွာတွင် (၂-၁၂-၂၀၂၀)ရက်နေ့၌ နေအိမ်မီးဖိုမှတဆင့် မီးလောင်မှုကြောင့် ဦးရှောင်ရှုအာလောင် အသက် (၅၂)နှစ်၏ အလျား (၂၅)ပေ၊ အနံ (၂၅)ပေ၊ အမြင့် (၁၅)ပေ၊ နှစ်ထပ် လူနေအိမ် (၁) လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး ကျား (၂)ဦး၊ မ (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ အိမ်ထောင်စု (၁)စု၊ ကျား (၈)ဦး၊ မ (၂)ဦး၊ စုစုပေါင်း (၁၀) ဦးမီးဘေးသင့်ခဲ့ရပါသဖြင့် … Read more
-
Covid-19 ကူးစက်ရောဂါ မပြန့်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ (COVID-19) ရောဂါ ကူးစက်မှု ဒေသတွင်း ဖြစ်ပွားမှုပိုမိုမပြန့်ပွားစေရေးအတွက် (၂-၁၂-၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် တံတား(၁)နှင့် တံတား(၂) မီးပွိုင့်အနီး ပတ်ဝန်းကျင်နှင့် ရှမ်းရိုးမကွင်း ယာယီစျေးအနီးတွင်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဆီလီငေါ့ကျေးရွာ၊ ဝမ်ကောင်းမွန်းကျေးရွာ တို့တွင်လည်းကောင်း (COVID-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရွက်သင့်သည်များကို သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန် / ရှောင်ရန်များကိုလည်းကောင်း Hand Speaker များ အသုံးပြုခြင်းဖြင့် အသိပညာ ပေးဆော်သြခြင်း၊ Hand gel … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၂.၁၂.၂၀၂၀) ရက်နေ့၌ ဖားကန့်မြို့နယ်အတွင်းရှိ လုံးခင်းကျေးရွာ၊ မှော်စီစာကျေးရွာနှင့် နမ္မဖြစ်ကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အများပြည်သူများ သိရှိလိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အသိပညာများအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် Mask များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn _dec2020 Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









