ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လဟယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၀) ရက်နေ့တွင် ယွန်တိုင်းကျေးရွာ၊ ခါးလယ်ကျေးရွာနှင့် လုံခင်ကျေးရွာ တို့တွင် Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များအား အသိပညာပေးခြင်းနှင့် မီးဘေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းလုပ်ငန်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လဟယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၀) ရက်နေ့တွင် မင်းကင်းမြို့နယ်၊ ထန်းပင်ချောင်ကျေးရွာ၊ ပျဉ်တောကျေးရွာ၊ အင်ပင်လှကျေးရွာ၊ အညာလယ်ကျေးရွာနှင့် ယားကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေး ဟောပြေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၂-၂၀၂၀) ရက်နေ့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စပ်ထုံးကျေးရွာအုပ်စု၊ ဖတ်တန်း ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွေ့ပြောင်းနေအိမ်(၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၀၀,၀၀ဝိ/-) ကျပ်၊ လူဦးရေ (၇)ဦး တို့အတွက် ဆန်ရိက္ခာရန်ပုံ ငွေ (၁၄,၇၀၀ိ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ( ၁၁၄,၇၀၀ိ/-) ကျပ်အား (၁၈-၁၂-၂၀၂၀)ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၂-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ တောင်မကျေးရွာအုပ်စု၊ တောင်မကျေးရွာ၊ တောင်မဲကျေးရွာ၊ တပ်မင်းသားကျေးရွာနှင့် ပန်စရန်းကျေးရွာတို့တွင် Covid-19 ဒုတိယ လှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေး ခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်း၊ နှာခေါင်းစည်း (Masks) နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းလုပ်ငန်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၂၀) ရက်နေ့တွင် ယင်းမာပင်မြို့နယ်၊ (က)ရပ်ကွက်၊ (ခ)ရပ်ကွက်၊ (ဂ)ရပ်ကွက်၊ (ဃ)ရပ်ကွက်၊ (ဂ)တိုးချဲ့ရပ်ကွက်၊ မြို့သစ်ကျေးရွာ၊ နှောရိုးကျေးရွာ၊ ကောင်းဆင့်ကျေးရွာနှင့် တယ်ပင်ကန် ကျေးရွာများတွင် COID-19ရောဂါနှင့် ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းများ၊ သဘာ၀ဘေးနှင့်ပတ်သက်၍ မီးဘေး၊ ငလျင်ဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020

  • ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၂၀)ရက်နေ့၌ နောက်မီးအုပ်စု၊ နောက်မီးမြစ်ထိပ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ခြေ(၄)လုံး၊ အိမ်‌ထောင်စု(၄)စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၄၀၀ဝဝ၀/-)ကျပ် ၊ လူဦးရေ (၁၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၁၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၁၅၀၀/-)ကျပ်တို့ကို (၁၈-၁၂-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် အတူဘေးဖြစ်ပွားရာဒေသသို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_dec2020