ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ Hand Sanitizer 500ml (၃၅) ဘူးအားလည်းကောင်း၊ မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ Hand Sanitizer 500ml (၃၅) ဘူးအား လည်းကောင်း၊ မြင်းခြံတက္ကသိုလ် (Facility Quarantine Centre) များသို့ Hand Sanitizer 500ml (၃၅) ဘူးအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_dec2020 Source: … Read more

  • Covid-19 အသိပညာပေးခြင်းနှင့်သဘာဝဘေးအသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ဖောင်းပြင်မြို့နယ်၊ မောက်စ ဖာကျေးရွာအုပ်စု၊ မောက်စဖာကျေးရွာ၊ မင်းနားတာကျေးရွာ၊ ဇော်ဂျီကျေးရွာ၊ မန်လီ‌ကျေးရွာနှင့် လမ်းလေးခွကျေးရွာအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပညာပေးခြင်းနှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များဖြန့်‌ဝေခြင်းအား ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့၌ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကွင်းလျား ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ ငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၆၃၀၀/-)ကျပ်အား (၂၃-၁၂-၂၀၂၀) ရက်နေ့ (၁၄:၃၀)နာရီအချိန် တာဝန်ရှိသူများ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_rbe … Read more

  • ထိခိုက်ဒဏ်ရာရရှိသူအား ထောင်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၁၂-၂၀) ရက်နေ့၊ (၀၆:၃၀)အချိန်ခန့်တွင် လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သူသည် ရှမ်းရွာသစ်မြို့၊ မဲလယောကျေးရွာအုပ်စု၊ ယောခုခီးကျေးရွာအနီး ရင်းဘိုင်းချောင်းဖျားသို့ ငါးရှာသွားရောက်စဉ် မြေမြုပ်မိုင်း(၁)လုံးအား နင်းမိခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ညာခြေခြင်းဝတ်နှင့် ဘယ်လက်တို့ မိုင်းစထိမှန်၍ ဒဏ်ရာရရှိခဲ့သဖြင့် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်ကို (၂၃-၁၂-၂၀၂၀) ရက်နေ့၊ နေ့လယ် (၂:၀၀) အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #krn_dec2020

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နောက်မီးအုပ်စု၊‌ နောက်မီး အရှေ့ဘက်ကမ်းကျေးရွာတွင် (၂၂-၁၂-၂၀၂၀) ရက်နေ့ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ (၁) လုံး၊ အိမ်‌ထောင်စု (၁) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၁၀၀,ဝဝဝ/-) ကျပ် ၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ် ၊ စုစုပေါင်းထောက်ပံ့မှု တန်ဖိုးငွေ (၁၁၀,၅၀၀/-) ကျပ်တို့ကို … Read more

  • mask campaign ဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၂၃.၁၂.၂၀၂၀)နေ့(၀၇း၃၀)နာရီမှ(၀၉း၀၀)နာရီအချိန်ထိ ကသာမြို့၊ အထက(၁) ကျောင်းရှေ့၌ အခြားဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ mask campaign ပြုလုပ်ခြင်းနှင့် မီးဘေး၊ ငလျင်ဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source:             ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)