ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • လက်သန့်ဆေးရည်များ ထောက်ပံ့ပေးခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄.၁၂.၂၀၂၀)ရက်နေ့ (၁၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ရေသန့်ဆေးရည်(၂၄၀)ထုပ်ပါ (၈)ဖာနှင့် လက်သန့်ဆေးရည် (၁၀၀)ဘူးတို့အား (COVID.19 )ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် လှူဒါန်းခဲ့ပြီး မော်လိုက်ခရိုင်ပြည်သူ့ဆေးရုံအတွက် လက်သန့်ဆေးရည်(၂၀)ဘူး၊ ဆုပန်ရွေပြည်လူမှုကူညီရေးအသင်းအတွက် လက်သန့်ဆေးရည် (၁၅)ဘူး တို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source:             မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအရှေ့တွင် အများပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိနိုင်စေရန်အတွက် မီးဘေး အသိပညာပေးဗီနိုင်းဆိုင်းဘုတ်တစ်ခု စိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_fir #mgy_dec2020

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ရွှေဝါလမ်းသွယ် (၂) လမ်းတွင် (၂၀-၁၂-၂၀၂၀) ရက်နေ့ (၁၃:၃၇) နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၂) လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၁) ဦးတို့ မီးဘေးသင့်ခဲ့ရာ နေအိမ် (၂) လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ … Read more

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီမှစ၍ ခန္တီးမြို့နယ်၊ စိန်နန်းကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွင် အသံချဲ့ စက်ဖြင့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #sgg_dec2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကိုင်းတောကျေးရွာ၊ သပြေပင်စုကျေးရွာ၊ ဇီးကျွန်းကျေးရွာ၊ ပုလ္လင်ကျေးရွာ၊သက္ကယ်ကျင်းကျေးရွာ၊ လယ်ဇင်စံပြကျေးရွာ များတွင်covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအား အသိပညာပေးခြင်းလုပ်ငန်းများ​ဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source:             စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား စိုက်ထူပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့တွင် မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်အား မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ ဟိုပင်ပြည်သူ့ဆေးရုံကြီးဒေါင့်တွင် စိုက်ထူပြီးစီးပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar_fir #kcn_dec2020