ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့၌ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကွင်းလျား ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ ငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၆၃၀၀/-)ကျပ်အား (၂၃-၁၂-၂၀၂၀) ရက်နေ့ (၁၄:၃၀)နာရီအချိန် တာဝန်ရှိသူများ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#ayy_dec2020

Sign Up

Upcoming Events