Latest News
-
အသိပညာပေးဗွီနိုင်းပိုစတာစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့တွင် သဘာဝဘေးများဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေး၊ ပြည်သူများအား သဘာဝဘေးအသိပညာဗဟုသုတရရှိစေရန်နှင့် ဆောင်ရန်/ ရှောင်ရန် အချက်များကို သိရှိ စေနိုင်ရေးအတွက် မြင်းခြံမြို့နယ်၊ ကားကြီးကွင်းမျက်နှာစာရှေ့၌ ငလျင်ဘေးအသိပညာပေး (၉ပေ×၆ပေ) ဗွီနိုင်း ပိုစတာဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_dec2020 Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လက်သန့်ဆေးရည်ဘူးများအား လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့တွင် မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ Quarantine Center (၂) ခုနှင့် မြို့ဝင်/ထွက်ဂိတ်သို့ Hand Sanitizer (လက်သန့်ဆေးရည်များ) သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_dec2020
-
လက်သန့်ဆေးရည်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့၊ အောက်ကျောင်း ဘုန်းတော်ကြီးကျောင်းနှင့် သုခကာရီသီလရှင်စာသင်တိုက်များသို့ Hand Sanitizer (500 ml) ပါ ဘူး (၁၀၀) အား (၂၂-၁၂-၂၀၂၀) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #otr #mgy_dec2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့နယ်၊ ကောင်းမှု(ပေါ်) နှင့်ကောင်းမှု(အောက်) ကျေးရွာတို့တွင် Hand Speaker ဖြင့် သဘာဝဘေးအသိပညာပေးခြင်း၊ Covid-19 အသိပညာပးခြင်းတို့နှင့် လက်ကမ်းစာစောင်များ၊ လက်ဆေးဆပ်ပြာများ ဖြန့်ဝေပေးခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းကင်းမြို့နယ်၊ ကျေးတောင်ဦးကျေးရွာ၊ ကံကျေးရွာ၊ တောင်ယာတောကျေးရွာ၊ ဆည်ချောင်းကျေးရွာနှင့် ပျဉ်းပင်မှော်ကျေးရွာတို့တွင် (၂၂-၁၂-၂၀၂၀) ရက်နေ့၌ Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂ဝ၂ဝ) ရက်နေ့တွင် နတ်မောက်မြို့၊ မြစည်းခုံလမ်းနှင့် ဘူတာလမ်းဟောင်းထောင့်၊ မြို့မဈေးကြီးအနောက်ဘက်တွင် (၉ပေ×၆ပေ) မီးဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်၊၊ Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_dec2020









