အသိပညာပေးဗွီနိုင်းပိုစတာစိုက်ထူမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၂-၂၀၂၀) ရက်နေ့တွင် သဘာဝဘေးများဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေး၊ ပြည်သူများအား သဘာဝဘေးအသိပညာဗဟုသုတရရှိစေရန်နှင့် ဆောင်ရန်/ ရှောင်ရန် အချက်များကို သိရှိ စေနိုင်ရေးအတွက် မြင်းခြံမြို့နယ်၊ ကားကြီးကွင်းမျက်နှာစာရှေ့၌ ငလျင်ဘေးအသိပညာပေး (၉ပေ×၆ပေ) ဗွီနိုင်း ပိုစတာဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#mdy_dec2020
Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events