ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • School Cum Shelter တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှု(၁၀၀%)ကြည့်ရှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၁)ရက်နေ့တွင် ဒေးဒရဲမြိုနယ်၊ သောကြာကျေးရွာအုပ်စု မင်္ဂလာသောင်တန်းကျေးရွာတွင် Myanmar Land Developement Co,Ltd မှ တာဝန်ယူတည်ဆောက်နေသော School Cum Shelter တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှု(၁၀၀%)အတွက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #infra_dev #ayy_jan2021

  • သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၁)ရက်နေ့တွင် ဖျာပုံမြို့၊ သောကြာကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာတွင် Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ရေသန့်ဆေးထုတ်ဘူး(၃)ဘူး၊ သဘာဝဘေးနှင့် ပတ်သက်၍ ဆူနာမီဘေးအန္တရာယ်အသိပညာပေးဗီနိူင်း (၁) ခုနှင့် လက်ကမ်းစာစောင်များပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_jan2021

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထား၀ယ်မြို့နယ်၊‌ သပြေချောင်းကျေးရွာ၊ ရတနာလမ်းသွယ်၌၊ (၁၂-၁-၂၀၂၁) ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးကြောင့်ဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုး (၁၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၂)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၄၂၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၄,၂၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁)စုစာတို့အား (၁၂-၁-၂၀၂၁)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_jan2021  Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်၌ (၁၂-၁-၂၀၂၁)ရက်နေ့၊ နံနက် (၀၄:၁၀) နာရီ အချိန်ခန့်တွင် မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးနေအိမ်(၅)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၀၀၀,၀၀၀/-) ကျပ်၊ လုံးဝပျက်စီးသွားသည့် ဘာသာရေးကျောင်း (၁)လုံးအတွက် ထောက်ပံငွေ (၃၀၀,၀၀၀/-) ကျပ်၊ ကြိုတင်ဖြိုဖျက်နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁၅)စုမှ လူဦးရေ(၃၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၇၇,၇၀၀/-) ကျပ်၊ သေဆုံးသူ (၂)ဦးအတွက် … Read more

  • Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၁) ရက်နေ့တွင် ပင်လုံမြို့၊ နောင်ဟူးကျေးရွာ၊ (ဟိုခိုက်အနာကြီးရောဂါကုဂေဟာ) (LenerColony) သို့ စတီးလက်ဆေးဘေစင်(၃)လုံး၊ Mask(ပိတ်စ)(၁၀၀)ခု၊ (500g)ပါ လက်သန့်ဆေးရည်များ၊ ဆပ်ပြာထုပ်ကြီး(၈)ထုပ်ပါတစ်အိတ်၊ ကြွေဆေးရည်ဘူးများ၊ (Dettol)ပိုးသတ်ဆေးရည်ဘူးကြီးများ၊ တစ်ခါသုံးလက်အိတ်များ၊ အပူချိန်တိုင်းကိရိယာတို့ အား တာဝန်ရှိသူထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2021

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍လက်သန့်ဆေးရည်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၂၁) ရက်နေ့တွင် hand sanitizer များအား ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာအုပ်စု၊ ဖောင်းကတာ မြောက်ကျေးရွာ Quarantine Centreအတွက် (၅)ဘူး၊ ဆားလင်းကြီး လူမှုကူညီရေးအသင်းကွန်ယက်သို့ (၂၀) ဘူး၊ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_jan2021