Latest News
-
ကမ်းပြိုဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၂-၂၀၂၀) ရက်နေ့၌ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ယင်းဆယ် အုပ်စု၊ ယင်းဆယ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-) ကျပ်တို့ကို (၂၃-၁၂-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe #ayy_dec2020
-
ရမည်းသင်းခရိုင်ဦးစီးမှူးရုံး၊ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူးရုံး၊ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို (၂၃-၁၂-၂၀၂၀) ရက်နေ့တွင် သံဃာ (၅) ပါးအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း၍ အန္တရာယ်ကင်းပရိတ် တရားတော်နာယူပြီးနောက် နံနက် (၉:၀၀) နာရီအချိန်တွင် ရမည်းသင်းမြို့မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂) ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အခြားသက်ဆိုင်ရာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #office_dev #mdy_dec2020 Source: ရမည်းသင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေသန့်ဆေးထုပ်များ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန်ရေသောက်သုံးလျှက်ရှိသော ရေဦးမြို့နယ်၊ မြင်းပေါက်ကျေးရွာအုပ်စု၊ ဝက်ဖိုးကျေးရွာ သို့ ရေသန့်ဆေး (၂၄၀)ထုပ်ပါ (၃)ဖာအား (၂၃-၁၂-၂၀၂၀)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_dec2020 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လက်သန့်ဆေးရည်ဘူးများလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ် (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Hand Sanitizer (500 ml)ပါ (၅၀) ဘူးနှင့် မင်းလှမြို့နယ် အပ္ပမာဒလူမှုကူညီရေးအသင်းသို့ Hand Sanitizer (500 ml)ပါ (၅၀) ဘူးတို့အား သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #otr #mgy_dec2020
-
Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် လွိုင်လင်မြို့၊ သဘာဝတရားရိပ်သာ(မိဘမဲ့ဂေဟာ)၌ စတီးလက်ဆေးဘေစင်(၃)လုံး၊ Mask(ပိတ်စ)(၁၀၀)ခု၊ (500g)ပါလက်သန့်ဆေးရည်များ၊ (၃၀၀၀)gပါ Sue Sat ဆပ်ပြာမှုန့်ထုပ်များ၊ ကြွေဆေးရည်ဘူးများ၊ (Dettol) ပိုးသတ်ဆေးရည်ဘူးကြီးများ၊ တစ်ခါသုံးလက်အိတ်များ၊ အပူချိန်တိုင်းကိရိယာနှင့် သန့်ရှင်းရေးသုံးပလပ်ရှည်စသည်တို့အား ရိပ်သာတာဝန်ခံဆရာလေးမာလာဝတီထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး Covid-19 အသိပညာပေးဗွီနှိုင်းများကပ်ခြင်း၊ သဘာဝဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ဘေးစီမံဝန်ထမ်းများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့နံနက်ပိုင်းတွင် ပါဆန်းကျေးရွာနှင့် တာမကျေးရွာများသို့ သွားရောက်၍ COVID-19 ရောဂါပျံ့နံ့မှုမဖြစ်ပွားစေရေးအတွက် ဟန်းစပီကာဖြင့် အသိပညာပေးပြောခြင်း၊ mask ၊ လက်ကမ်းစာစောင်နှင့် လက်ဆေးဆပ်ပြာများ ပေးဝေခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_dec2020









