ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁-၂၀၂၁) ရက်နေ့တွင် ပင်လုံမြို့၊ ပဒုမ္မာစာရီသီလရှင်စာသင်တိုက်၌ စတီးလက်ဆေးဘေစင်(၂)လုံး၊ Mask(ပိတ်စ)(၁၀၀)ခု၊ (500g)ပါလက်သန့်ဆေးရည်များ၊ (၃၀၀၀)g ပါ Sue Sat ဆပ်ပြာမှုန့်ထုပ်များ၊ ကြွေဆေးရည်ဘူးများ၊ (Dettol)ပိုးသတ်ဆေးရည်ဘူးကြီးများ၊ တစ်ခါသုံးလက်အိတ်များအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2021

  • MultiPurpose Shelter တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှု့စစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁-၂၀၂၁) ရက်နေ့၌ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ချောင်းဗြဲကြီးကျေးရွာတွင် တည်ဆောက်လျက်ရှိသော MultiPurpose Shelter တည်ဆောက်နေမှုအခြေအနေအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းပိုစတာအား ဖြန့်ဝေ ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #infra_dev #ayy_jan2021

  • ငလျင်ဘေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁- ၂၀၂၁) ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူး ရုံးတွင် ကျင်းပပြုလုပ်သည့် Online Talk Show အစီအစဉ်၌ ငလျင် ဘေးအန္တာရာယ် ဆိုင်ရာသိကောင်းစရာများ၊‌ ဆောင်ရန်/ရှောင်ရန်များကို Covid-19ကာလအတွင်း onlineမှ တဆင့် ငလျင်ဘေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar_eqk #shn_jan2021

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ မဉ္ဇူလမ်းတွင် (၁၂-၁-၂၀၂၁) ရက်နေ့၊ (၁၁:၂၀)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁)လုံး မီးလောင်ပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေး သင့်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁)အိမ်ထောင်စုစာတို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more

  • မြေစာပြိုကျမှုကြောင့် သေဆုံးသူအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁-၂၀၂၁) ရက်နေ့တွင် ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု၊ ဆိုင်းရာရွာသစ်ကျေးရွာရှိ ရတနာလင်း ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း မြေစာပြိုကျမှုကြောင့် သေဆုံးသူ(၁)ဦး အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-) ကျပ်အား (၁၁-၁-၂၀၂၁)ရက်နေ့၊ (၁၆:၀၀)နာရီ အချိန်တွင် သွာရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_lsd #kcn_jan2021

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၃- ၁-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဦးဝင်းကြည်(တဲတိုက်)ရှိ အိမ်ခြေ (၁၀၇) လုံး၊ အိမ်ထောင်စု(၁၂၁) စု၊ လူဦးရေ (၅၃၉) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_drg #mgy_jan2021