
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်၌ (၁၂-၁-၂၀၂၁)ရက်နေ့၊ နံနက် (၀၄:၁၀) နာရီ အချိန်ခန့်တွင် မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးနေအိမ်(၅)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၀၀၀,၀၀၀/-) ကျပ်၊ လုံးဝပျက်စီးသွားသည့် ဘာသာရေးကျောင်း (၁)လုံးအတွက် ထောက်ပံငွေ (၃၀၀,၀၀၀/-) ကျပ်၊ ကြိုတင်ဖြိုဖျက်နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၁၅)စုမှ လူဦးရေ(၃၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၇၇,၇၀၀/-) ကျပ်၊ သေဆုံးသူ (၂)ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၂၇၇,၇၀၀/-) ကျပ်နှင့် ကယ်ဆယ်ရးပစ္စည်း(၁၇)မျိုးတို့ကို (၁၂-၁-၂၀၂၁)ရက်နေ့၊ နေ့လည်(၁၁:၀၀)နာရီ အချိန်တွင် ဖလမ်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#chn_jan2021