Latest News
-
PPE ဝတ်စုံများနှင့် handgel များ ပေးအပ်လှူဒါန်းခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၁၂.၂၀၂၀)ရက်နေ့တွင် လွိုင်လင်မြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ် (Covid-19)ရောဂါ၊ကာကွယ်တားဆီးထိန်းချုပ်ရေး ကော်မတီသို့ PPEဝတ်စုံများ နှင့် (500)gပါ Handgelဘူးများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၂၀) ရက်နေ့၊ (၁၁း၂၀) နာရီအချိန်၌ပေါက်မြို့နယ်၊ တပ်ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-) ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုးပါ (၁) အိမ်ထောင်စာကို (၂၉-၁၂-၂၀၂၀)ရက်နေ့၊ (၁၄း၀၀)နာအချိန်တွင် မီးဘေးသင့် အိမ်ထောင်စုထံသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ လက်ဝယ်ရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fir #mgy_dec2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ လက်သန့်ဆေးရည်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၂၀) ရက်နေ့တွင် မင်းဘူးမြို့ (ပြည်သူ့ဆေးရုံကြီးနှင့် မြန်မာ့စီးပွားရေးဘဏ်) များသို့ Hand Sanitizer (500 ml)ပါ ဘူးများအား တို့အား COVID-19 ကူးစက်ရောဂါပြန့်နှံ့မှုမှ ကာကွယ် နိုင်ရန်အတွက် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy _dec2020
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၂၈.၁၂.၂၀၂၀)နေ့တွင်ကသာမြို့ပေါ်ရပ်ကွက်( ၁၀ )ရပ်ကွက်အား (၁၀းဝဝ)နာရီမှ(၁၃း၀၀)နာရီအချိန်အထိ ရာသီအလိုက်ဖြစ်ပွားတတ်သောသဘာဝဘေးအန္တရာယ်များ၊(COVID-19) နှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းနှင့်၊ မီးဘေးလက်ကမ်းစာစောင်စာများဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဗီနိုင်းပိုစတာစိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်၌ ပန်းတနော်မြို့၊ ရန်ကုန်-ပုသိမ်ကား လမ်းမကြီးဘေး မြို့အဝင်ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး၌ (၉ပေ x ၆ပေ) အရွယ်အစားရှိ မြေစိုက်ဆိုင်းဘုတ်အား မီးဘေး အန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်အလက်များပါ ဗီနိုင်းပိုစတာကပ်၍ အများပြည်သူများ အလွယ်တကူ ဖတ်ရှုနိုင်ရန် စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_fir #ayy_dec2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၂၀) ရက်နေ့၊ (၁၂:၃၀)နာရီအချိန်၌ ဓနုဖြူမြို့၊ အမှတ်(၁၀) ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ လွတ်လပ်ရေးပန်းခြံရှေ့တွင် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်အလက်များကို အများပြည်သူများ အလွယ်တကူသိရှိနားလည် ဖတ်ရှုနိုင်ရန်ဗွီနိုင်းပိုစတာစိုက်ထူဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဓနုဖြူမြို့နယ်ယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_dec2020









