မီးဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တန့်ဆည်မြို့ နယ်၊ ကံထူးမအုပ်စု၊ အင်ရေအိုးကျေးရွာအနီးတွင် (၂၁-၁-၂၀၂၁) ရက်နေ့တွင် ကားတစ်စီး နှင့်တစ်စီး ဆီဘောက်ဆာအချင်းချင်း ဒီဇယ်ဆီခွဲထည့်စဥ် ဆီပိုက်ပြုတ်ထွက်ပြီး မြေပြင် ပေါ်သို့ ဆီများကျဆင်းသဖြင့် အပူချိန်ဖိအားကြောင့် မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ပွားခဲ့ ပြီး မီးဘေးကြောင့် ဒဏ်ရာရရှိခဲ့သည့် လူဦးရေ (၂) ဦးအတွက် (၁) ဦးလျှင် (၅၀,၀၀ဝ/-) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံငွေ (၁၀၀,၀၀ဝ/-) ကျပ်အား (၂၂-၁-၂၀၂၁) ရက်နေ့၊ (၁၄:ဝဝ)နာရီအချိန်တွင် တန့်ဆည်မြို့နယ်သို့သွားရောက် ကူညီထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_fir
#sgg_jan2021
Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events