Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီချိန်မှ နေ့လည် (၁၃:၀၀)နာရီချိန်ထိ ကော့သောင်းမြို့နယ်၊ အောက်ကြပ်(၁)ကျေးရွာနှင့် အောက်ကြပ်(၂)ကျေးရွာတို့၌ Covid-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသံ ချဲ့စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးခြင်း တို့ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကောင့်သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#tny_jan2021

Sign Up

Upcoming Events