ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဆိုင်ဘုတ်အား စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉ပေ×၆ပေ)ရှိ မီးဘေးအန္တရာယ်နှင့်ပတ်သတ်၍ အသိပညာပေးဆိုင်းဘုတ်(၁)ခုအား ရေစကြိုမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရှေ့၌ (၃၀-၁၂-၂၀၂၀) ရက်နေ့(၁၀:၀၀)အချိန်တွင် စိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_dec2020

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာ မြို့နယ်၊ သောင်ဘုတ်အုပ်စု၊အလယ်ကျွန်းကျေးရွာတွင် (၂၈-၁၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွား သော ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းခဲ့သော အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ (၂၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၂၅,၂၀၀ိ/-) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၂၂၅,၂၀၀ိ/-) ကျပ်အား (၃၀-၁၂-၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ်၊ သစ်ပုပ္ပင် ကျေးရွာအုပ်စု၊ မန်ကျည်းကုန်းကျေးရွာတွင် (၂၈-၁၂-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၂)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၄၀,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ (၁၆) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၃၃,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၃,၆၀၀) ကျပ်အား (၃၀-၁၂-၂၀၂၀) ရက်နေ့ (၁၀:၃၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၂-၂၀၂၀) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ လွယ်အံ(တင်း)ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ ဝါဆိုဘုန်း တော်ကြီးကျောင်း၊ အ.မ.က (မန်ကောင်းမှု) နှင့် သန္တိသုခ (၈) ကွက်ဓမ္မာရုံသို့ တိမ်းရှောင် ရောက်ရှိလာသည့် တိုက်ပွဲရှောင် အိမ်ထောင်စု (၁၄၈) စု၊ လူဦးရေ (၆၀၅) ဦးတို့အတွက် ဆန်ရိက္ခာ(၇) ရက်စာ တန်ဖိုးငွေ (၁,၂၇၀,၅၀ဝ/-) ကျပ်ရှိ ဆန် (၄၄) အိတ်၊ (၅) ပြည်၊ Mask … Read more

  • COVID-19 ကူးစက်မှုနှုန်းမပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင် ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၉.၁၂.၂၀၂၀) ရက်နေ့တွင် တမူးမြို့ စန္ဒကူးရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ စော်ဘွား ရပ်ကွက်၊ မြို့မ ရပ်ကွက်ရှိ မိဘပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွား စေရန်အတွက်သိရှိလိုက်နာရန် အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #sgg_dec2020 Source:  တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇- ၉-၂၀၂၀) ရက်နေ့ (၁၉:၃၀) နာရီအချိန်ခန့်တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ မြို့သစ် ကျေးရွာအုပ်စု၊ မြို့သစ်ကျေးရွာတွင် မိုင်းနင်းမိမှုကြောင့် ဒဏ်ရာရရှိသူ (၃) ဦးအတွက် (၁) ဦး လျှင် (၅၀,၀၀ဝိ/-) ကျပ်နှုန်းဖြင့် ကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေ (၁၅၀,၀၀ဝ/-) ကျပ်အား (၂၉-၁၂-၂၀၂၀) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့သွား ရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_dec2020 Source: နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)