ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် Hand Sanitizer များ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၂၁) ရက်နေ့တွင် ကနီမြို့နယ်အတွင်း Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ကနီမြို့နယ်သရက်ပင်တိုက်နယ်ဆေးရုံသို့ Hand Sanitizer (၂၀)ဘူးနှင့် အိုင်တောင်ကျေးရွာ Quarantine Center သို့ Hand Sanitizer (၅)ဘူးတို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #sgg_jan2021 Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၂၁) ရက်နေ့၊ (၁၂:၃၀)အချိန်မှ (၁၆:၀၀)အချိန်ထိ အိုင်တောင်ကျေးရွာအုပ်စုအတွင်းရှိ အိုင်တောင်(တ)ကျေးရွာ၊ အိုင်တောင်(မ)ကျေးရွာ၊ မင်းအိုကျေးရွာနှင့် အိုင်သာကျေးရွာတို့၌ COVID-19 ရောဂါကာကွယ်ရေးအတွက် တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး / သတိပေးပြောကြားရမည့်အချက် (version 04) အား အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပညာပေးခြင်း လုပ်ငန်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_jan2021 Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သိုလှောင်ရုံဆောက်လုပ်မည့်နေရာအားမြေသန့်မင်္ဂလာ ပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရံပုံငွေဖြင့် ဆောက်လုပ်မည့် ရွှေဘိုခရိုင်ဦးစီးမှူးရုံး သိုလှောင်ရုံ (၆၀ x ၄၀ x ၁၄) ပေ RCC (၁) ထပ်ဆောက်လုပ်မည့် မြေနေရာ၌ သံဃာတော်(၅)ပါးဖြင့် မြေသန့်မင်္ဂလာ ကမ္မဝါရွတ်ဖတ်မှုအား (၂၃-၁-၂၀၂၁) နေ့ မွန်းလွှဲပိုင်း (၁၅:၀၀) အချိန်တွင် တင်ဒါအောင်မြင်သော ကုမ္ပဏီနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #warehouse #sgg_jan2021 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကွင်းဆင်းတိုင်းတာစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁) ရက်နေ့တွင် ခင်ဦးမြို့နယ်ဦးစီးမှူးရုံးမြေနေရာအား ခင်ဦးမြို့နယ်၊ မကျီးတုံကျေး ရွာအုပ်စု၊ ကွင်းအမှတ်(၂၅၀၅) (ကြိုးကြာကန်ကွင်း)၊ မြေကွက်အမှတ် (../၉၅၃)၊ ဧရိယာ (ဝ.၇၀) ဧကရှိမြေနေရာကို မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း တိုင်းတာခြင်း၊ ယာယီအမှတ်အသားတိုင်များ စိုက်ထူထားခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါကြောင်းသတင်းရရှိပါသည်။ #office_dev #sgg_jan2021 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေ လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၂၁) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးလျက်ရှိသော ဒေါဖုကျေးရွာအုပ်စု၊ ဒေါပဲ့(စော်ဘွား)ကျေးရွာသို့ သောက်သုံးရေ (၂၂၅၀) ဂါလန် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_jan2021 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ သကန်တောင်ပုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ (၄၂×၂၄) ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်း ခြေတံရှည်ပင်မ ကျောင်းဆောင်အောက်ရှိ ဝေယျာဝစ္စထည့်ထားသော သေတ္တာပုံးအတွင်း၌ ပျားအုံဝင် ရောက်ပြုလုပ်နေပါသဖြင့် ကျောင်းထိုင်ဆရာတော်မှ အုန်းခွံမီးရှို့၍ ပျားများထွက်ပြေးစေ ရန်ထားရှိရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ရာ ဘုန်းကြီးကျောင်းတစ်ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ မီးဘေးသင့် သံဃာတော် (၁) ပါးအတွက် သင်္ကန်းဖိုးထောက်ပံ့ငွေ (၃၅,၀၀၀/-) … Read more