လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၂၁) ရက်နေ့တွင် ကနီမြို့နယ်အတွင်း Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ကနီမြို့နယ်သရက်ပင်တိုက်နယ်ဆေးရုံသို့ Hand Sanitizer (၂၀)ဘူးနှင့် အိုင်တောင်ကျေးရွာ Quarantine Center သို့ Hand Sanitizer (၅)ဘူးတို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)