လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၂၁) ရက်နေ့၊ (၁၂:၃၀)အချိန်မှ (၁၆:၀၀)အချိန်ထိ အိုင်တောင်ကျေးရွာအုပ်စုအတွင်းရှိ အိုင်တောင်(တ)ကျေးရွာ၊ အိုင်တောင်(မ)ကျေးရွာ၊ မင်းအိုကျေးရွာနှင့် အိုင်သာကျေးရွာတို့၌ COVID-19 ရောဂါကာကွယ်ရေးအတွက် တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး / သတိပေးပြောကြားရမည့်အချက် (version 04) အား အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပညာပေးခြင်း လုပ်ငန်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာခွဲတာဝန်ခံများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)