ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ သကန်တောင်ပုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ (၄၂×၂၄) ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်း ခြေတံရှည်ပင်မ ကျောင်းဆောင်အောက်ရှိ ဝေယျာဝစ္စထည့်ထားသော သေတ္တာပုံးအတွင်း၌ ပျားအုံဝင် ရောက်ပြုလုပ်နေပါသဖြင့် ကျောင်းထိုင်ဆရာတော်မှ အုန်းခွံမီးရှို့၍ ပျားများထွက်ပြေးစေ ရန်ထားရှိရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ရာ ဘုန်းကြီးကျောင်းတစ်ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ မီးဘေးသင့် သံဃာတော် (၁) ပါးအတွက် သင်္ကန်းဖိုးထောက်ပံ့ငွေ (၃၅,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၅,၀၀၀/-) ကျပ်တို့အား (၂၂-၁-၂၀၂၁) ရက်နေ့ (၁၅:၃၀) အချိန်တွင်သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#tny_jan2021
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events