လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (Social Management Information System – SMIS) တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

 

၅ ဧပြီ၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု သတင်းအချက် အလက်စနစ် (Social Management Information System–SMIS) တည်ဆောက်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် အမှာစကားပြောကြားရာတွင် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများအား အကောင်အထည်ဖော်ရာတွင် သတင်းအချက်အလက် နည်းပညာကို အသုံးပြုပြီးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းသည် ဝန်ကြီး ဌာန၏ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ နည်းပညာအသုံးပြု၍ စီမံခန့်ခွဲခြင်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာ၌ ပိုမိုမြန်ဆန်တိကျခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ကုန်ကျစရိတ်သက်သာခြင်း အကျိုးကျေးဇူးများ ရရှိနိုင်ပါကြောင်း၊ နည်းပညာကို ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် လူသား အရင်းအမြစ်အား လေ့ကျင့်သင်ကြားပေးခြင်းလုပ်ငန်းမှာ အရေးကြီးပါကြောင်းနှင့် မူလရေးဆွဲထား သောအစီအစဉ်များအတိုင်း အကောင်အထည်ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက် အလက်စနစ်များ တည်ဆောက်အသုံးပြုမှုနှင့်ပတ်သက်၍ နိုင်ငံတကာဥပမာများနှင့် နမူနာယူ ဆောင်ရွက်သင့်သည်များအား ဖြည့်စွက်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးတို့က စနစ်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ထားမှု အခြေအနေများ၊ SMS စနစ်အား ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် စတင်အသုံးပြုနိုင်ရေး ရည်မှန်းကြိုးပမ်းလျက်ရှိသည့် အခြေအနေများနှင့် စနစ် တည်ဆောက်ပြီးစီးပါက လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်များအား အကောင်အထည်ဖော်ရာနှင့် ကလေးသူငယ်နှင့်အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးဆိုင် ရာဖြစ်ရပ်များအား စီမံခန့်ခွဲရာ၌ ပိုမိုမြန်ဆန်တိကျစွာ ဆောင်ရွက်လာနိုင်မည့်အခြေအနေများအား တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အခြားတက်ရောက်လာသည့် ဌာန တွင်း တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1

#npw_apr2021

Source: MOSWRR

Sign Up

Upcoming Events