လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (နမ့်လတ်)သို့ရောက်ရှိစစ်ဆေး

 

တောင်ကြီး၊ နမ့်လတ်                                                                        ၂၉-၄-၂၀၂၁

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၂၉-၄-၂၀၂၁ ရက်နေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးဦးစီးဌာနလက်အောက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (နမ့်လတ်)သို့ရောက်ရှိကြရာ စခန်းအတွင်း ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ ဝန်ကြီးဌာနဘတ်ဂျက်ဖြင့် တော်ဝင်ရွှေနန်းကုမ္ပဏီမှ ကျပ်(၂၁၃.၅၀၅)သန်းဖြင့် တင်ဒါအောင်မြင် ဆောက်လုပ်လျက်ရှိသော ပေ၁၀၀xပေ၄၀၊ ၄ ခန်းတွဲ RC နှစ်ထပ်၊ ဝန်ထမ်းအိမ်ရာ ၅၀% ပြီးစီးနေမှုအခြေအနေနှင့် ပိုင်ဖြိုးခန့်ကုမ္ပဏီမှ ကျပ်(၁၂၈.၁၉၉၉)သန်းဖြင့် တင်ဒါအောင်မြင်ဆောက်လုပ်လျက်ရှိသော ပေ၆၀xပေ၄၀၊ RC နှစ်ထပ်၊ စခန်းရုံး(၇၀%)ပြီးစီးကာ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများမှတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အဆောက်အဦ များရေရှည်တည်တံ့စေရေးအတွက် အရည်အသွေးကြံ့ခိုင်ကောင်းမွန်ရေး၊ သတ်မှတ်လျာထားသည့်အတိုင်း လုပ်ငန်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးတို့အတွက် အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

Source: MOSWRR

#hl1

#shn_may2021

Sign Up

Upcoming Events