ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မီးဘေးအသိပညာပေးဗီနိုင်းပိုစတာစိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၂၁) ရက်နေ့တွင် မြောက်ဦးမြို့၊ ရန်ကုန်-စစ်တွေလမ်းမကြီး၊ ဦးဥတ္တမပန်းခြံဘေးဘက်၊ လမ်းဆုံထောင့်၌ မီးဘေး အသိပညာပေး ဗီနိုင်းပိုစတာအား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_jan2021 Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID 19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁)ရက်နေ့တွင် ချောက်မြို့၊ အမှတ် (၆/၇/၈/၉/၁၀ )ရပ်ကွက်တို့တွင် COVID – 19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ Mask campaign ပြုလုပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #mgy_jan2021 Source:   ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများသို့အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁-၂၀၂၁) ရက်နေ့တွင် ဖလမ်းမြို့နယ်၊ တလန်ဇာရ်ကျေးရွာ၌ COVID-19 ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရေးအသိပညာပေး ဆော်သြခြင်း၊ (မြေပြိုဘေး၊ ငလျင်ဘေး၊ မီးဘေး၊ ဘေးကင်းလုံခြုံ) အသိပညာပေးပိုစတာများ ကပ်ခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်း၊ Mask များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖလမ်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #chn_jan2021

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ ဖာပွန်ခရိုင်၊ ဖာပွန်မြို့အတွင်းရှိ ဆင်စွယ်ကျေးရွာ၊ ဘလဲ့ပုံကျေးရွာ၊ ပိုမာတဲကျေးရွာနှင့် သိန်းချောင်းကျေးရွာများ၌ COVID-19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့်အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_jan2021 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးဒဏ်ခိုလုံရာ School Cum Shelter အဆောက်အဦးမြေနေရာတွင် သံဃာတော်များမှမြေသန့် ကမ္မဝါရွတ်ဖတ်ခြင်း၊ ပရိတ်တရားနာခြင်းနှင့် ပန္နက်တင်ခြင်းအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁-၂၀၂၁) ရက်နေ့တွင် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ အမျိုးသား သဘာဝဘေး အန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၊ အထက(ခွဲ)ကျောင်းတွင် တည်ဆောက်မည့် သဘာဝဘေးဒဏ်ခိုလုံရာ School Cum Shelter အဆောက်အဦးမြေနေရာတွင် သံဃာတော်များမှမြေသန့် ကမ္မဝါရွတ်ဖတ်ခြင်း၊ ပရိတ်တရားနာခြင်းနှင့် ပန္နက်တင်ခြင်းအခမ်းအနားများသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီခန့်ဥက္ကဌ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး၊ ကျေးရွာမှတာဝန်ရှိသူများ၊ တင်ဒါအောင်ကုမ္ပဏီတို့နှင့်အတူ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #infar_dev #sgg_jan2021

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်တွင် (၁၅-၁-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားသော မီးဘေးကြောင့် အိမ်ခြေ (၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၉)ဦးအတွက် (၇) ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၁၈၉၀၀/-) ကျပ်၊ အိမ်ထောင်စု (၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၃)စုံ၊ သေဆုံးသူ ပြည်သူ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၀၀၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၉၁၈၉၀၀/-)ကျပ်အား (၁၈-၁-၂၀၂၁)ရက်နေ့၊ (၁၆:ဝဝ)အချိန်တွင် ဘေးသင့်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_jan2021 Source:   … Read more