မီးဘေးထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် (၆)ရပ်ကွက်၊ ကုသိန္နာရုံလမ်း၊ ကန်လျားဘုန်တော်ကြီးကျောင်းအနောက်ဘက်၌ (၄-၅-၂၀၂၁)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၅)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဦးရေ (၂၇)ဦးအတွက် Hygiene Kit-E (၅)ပုံး၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၅)ပုံး (၂၃၀၁၈ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၅၆၇၀ဝိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၁၀၅၆၇၀ဝိ/-)အား (၅-၅-၂၀၂၁)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

#ha_fir #ayy_mar2021
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events