Latest News
-
လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အုတ်တွင်းမြို့နယ်၊ တောပုကျေးရွာအုပ်စု၊ သိုက်ကုန်းကျေးရွာနှင့် ဝဲကြီးကျေးရွာတို့တွင် (၄-၆-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၄၀,၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၄၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၂,၉၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၄၂,၉၀၀) ကျပ်အား (၈-၆-၂၀၂၁) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့် (၂၀၀၉) သုံးသပ်ပြင်ဆင်ရေးနှင့် သဘာဝဘေး အသိပညာပေးလုပ်ငန်းများ၊ သဘာဝဘေးဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်မှုသတင်း
ဇွန်လ(၈)ရက်၊ နေပြည်တော် သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့် (၂၀၀၉)ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ရေးဆွဲနိုင်ရေး ဆောင်ရွက်ရန်နှင့် သဘာဝဘေးအသိပညာပေးလုပ်ငန်းများ၊ သဘာဝဘေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာန အတွင်း ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးကြပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မေလ(၂၇)ရက်နေ့က ပြုလုပ်ခဲ့သည့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင် အမျိုးသားကော်မတီ ဥက္ကဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌက သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့် … Read more
-
မိုးကြိုးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၆-၆-၂၀၂၁) ရက်နေ့ (၀၉း၅၀) နာရီအချိန်တွင် ချောင်းဆုံမြို့နယ်၊ ကမနင်းကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးဖြစ်စဥ်တွင် သေဆုံးသူကျား (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှင့် ဒဏ်ရာရသူကျား (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၅၀,၀၀၀) ကျပ်အား (၈-၆-၂၀၂၁) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #mon_jun2021
-
ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကျင်းပ
ဇွန်လ ၇၊ နေပြည်တော် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပသည့်သင်တန်းသည် ပြန်လည်ထူထောင်ရေးဦးစီး ဌာန၏ ပထမအကြိမ်ဖွင့်လှစ်သည့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးလုပ်ထုံးနည်းကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲဖြစ်ပါကြောင်း၊ ဦးစီးဌာန(၃) ခုအနက် ပြန်လည်ထူထောင်ရေးဦးစီးဌာနသည် (၃၀-၁-၂၀၁၈) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ မကြာသေးသည့်အတွက် ဝန်ထမ်းများ၏အရည်အသွေးကို တိုးမြှင့်ပေးဖို့လိုအပ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်းမှာ ဦးစီးဌာနရှိ အမှုထမ်းများအားလုံး ရုံး လုပ်ငန်းများ … Read more
-
မိုးကြီးမည့် သတိပေးချက် အမှတ်စဉ်(၀၁/၂၀၂၁)
မိုးကြီးမည့် သတိပေးချက် အမှတ်စဉ်(၀၁/၂၀၂၁) (၂၀၂၁ ခုနှစ်၊ ဇွန်လ(၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) (က) ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ (၈.၆.၂၀၂၁)မှ (၁၂.၆.၂၀၂၁) ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်း ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ (ခ) ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း … Read more
-
ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ ရွှေခဲအင်းကျေးရွာ လေဘေးထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ ရွှေခဲအင်းကျေးရွာ၌ (၃-၆-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အမိုးလန်လူနေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀/-) ကျပ်တို့အား (၄-၆-၂၀၂၁) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ha_sgw #npw_jun2021









