Latest News
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၆-၂၀၂၁) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သာယာဝတီခရိုင်၊ အုတ်ဖို မြို့နယ်၊ ပြိုလဲအိမ်ခြေ (၁) လုံးနှင့် အမိုးလန်ပျက်စီးအိမ်ခြေ (၁)လုံးတို့မှ အိမ်ထောင်စု(၂)စု လူ (၆)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး (၁၅၀၀၀၀/-)ကျပ်၊ ဆန်ဖိုး (၁၂၆၀၀/-)ကျပ်၊ စုစုပေါင်း (၁၆၂၆၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိးပါ အိမ်ထောင်စု (၁) စုစာတို့အား (၉-၆-၂၀၂၁)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jun2021 Source: … Read more
-
မိုးကြိုးဘေးကြောင့် သေဆုံး၊ ဒဏ်ရာရသူများအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၂၁) ရက်နေ့၌ဆီဆိုင် မြို့နယ်၊ မြကန်သာရပ်ကွက်နှင့် (၅-၆-၂၀၂၁)ရက်နေ့၌ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စု၊ ညောင်ကိုင်း ကျေးရွာတွင်မိုးကြိုးထိမှန်၍ သေဆုံးသူ(၂)ဦးအတွက် ထောက်ပံ့ငွေကျပ် (၆၀၀၀၀၀/-)နှင့် ဒဏ်ရာရသူ(၂)ဦး အတွက်ထောက်ပံ့ငွေကျပ်(၁၀၀၀၀၀/-) စုစုပေါင်း ထောက်ပံ့ ငွေကျပ် (၇၀၀၀၀၀/-)ကျပ်အား (၉-၆-၂၀၂၁)ရက်နေ့၊ နေ့လည်(၁၄းဝ၀) အချိန်တွင် ဆီဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_tls #mon_jun2021
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၆-၂၀၂၁) ရက်နေ့၌ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာအုပ်စု၊ ပချားကလိုး(ပေါ်)ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၃)လုံး၊ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ ဘေးသင့်လူဦးရေ(၁၂)ဦး အတွက်ဆန်ရိက္ခာ (၇) ရက်စာ (၂၅,၂၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀ဝ၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၂၅,၂၀၀) ကျပ်နှင့် ပစ္စည်းတန်ဖိုး (၁၆၆,၃၀၈) ကျပ်အား (၉-၆-၂၀၂၁) ရက်နေ့၊ (၁၄:ဝ၀) အချိန်တွင် ဆီဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူထံသို့ … Read more
-
မီးဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၆-၂၀၂၁) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာအုပ်စု၊ ကတ္တလူကျေးရွာတွင် မီးဖိုရှိမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ဆုံးရှုံးခဲ့ရသော ဓနိမိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ်(၁)လုံး လုံးဝပျက်စီးခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်လုံးဝပျက်စီး အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်၊ မီးဘေးသင့် လူဦးရေ (၂) ဦးအတွက် (၇) ရက်စာ ဆန်ဖိုးငွေ (၄,၂၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄,၂၀၀)ကျပ်အား (၉-၆-၂၀၂၁) ရက်နေ့ (၁၁:၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
(၃၈) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ ပါဝင်တက်ရောက်
နေပြည်တော်၊ ဇွန် ၈ အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management-ACDM) ၏ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက တစ်နှစ်လျှင် (၂) ကြိမ် ပုံမှန်အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့မှ (၁၀) ရက်နေ့အထိ (၃၈) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌဖြစ်သော စင်္ကာပူနိုင်ငံ က Online ဖြင့်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဆက်စပ်အစည်းအဝေးများ၏ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးခြင်းနှင့် မိုးကြိုးဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည် မြို့နယ်၊ ကြာအင်းကုန်းကျေးရွာအုပ်စု၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာအုပ်စု၊ ကွမ်းအုံကျေးရွာ အုပ်စုနှင့် မိချောင်းအိုင်ကျေးရွာအုပ်စုတို့တွင် (၄-၆-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ် (၄) လုံးနှင့် အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၈၅၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၄၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၂,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၄၂,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း … Read more









