ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းအဖွဲ့ များဖွဲ့စည်းဆောင်ရွက်နိုင်ရေး နိုင်ငံတစ်ဝန်းလုံးရှိ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည့် Central level လုပ်ငန်းအဖွဲ့များ၏ ညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်ခြင်းနှင့် မိုးရာသီ ဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားများ ကျင်းပပြုလုပ်

    ၃၀–၆–၂၀၂၁၊ နေပြည်တော် နိုင်ငံတစ်ဝန်းလုံးရှိ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲရေး လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ Nationwide Case Management Supervision Unit (NCMSU)နှင့် ပူးပေါင်းဆောင်ရွက်မည့် Central level လုပ်ငန်းအဖွဲ့နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးအား (၃၀.၆.၂၀၂၁)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာ အဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာ သက်သက်ဇင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပြည့်အလုပ် အမှုဆောင် ပါမောက္ခဒေါက်တာမြသူ၊ ညွှန်ကြားရေးမှူးချုပ်များ၊ … Read more

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၁)ရက်နေ့ (၁၁:၄၅) နာရီ အချိန်ခန့်တွင် မွန်ပြည်နယ် သထုံခရိုင်၊ ပေါင် မြို့နယ်၊ ကော့ထော်ကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀,၀၀ဝ/-)ကျပ်နှင့် လူဦးရေ စုစုပေါင်း(၁၄)ဦးတို့အတွက်  (၇)ရက်စာဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၉,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၉,၄၀ဝ/-)ကျပ်အား (၂၉-၆-၂၀၂၁)ရက်နေ့ (၁၅:၀၀) နာရီအချိန် ခန့်တွင် ပေါင်​​​မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more

  • ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစီမံချက် (မူကြမ်း) ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကျင်းပ

    ဇွန်လ ၂၉ ရက်၊ နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်း(Early Childhood Intervention- ECI) စီမံချက် (မူကြမ်း) ရှင်းလင်း တင်ပြခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနရှိ ဝန်ကြီးရုံး EC အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက် ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နောက်မီးအုပ်စုကြို့ကုန်းကျေးရွာတွင် (၂၄-၆-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ(၄)လုံး၊ အိမ်‌ထောင်စု(၄)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,ဝဝဝ) ကျပ်၊ လူဦးရေ (၁၈) ဦးအတွက်  ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၇,၈၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ  (၄၃၇,၈၀၀) ကျပ်နှင့်         သက္ကယ်ပြင်(သံ)အုပ်စု၊ ကညင်ရိုး‌ကျေးရွာတွင် (၂၅-၆-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ(၇)လုံး၊ အိမ်‌ထောင်စု (၇) စုအတွက်    အိမ်ဆောက်ပစ္စည်းဖိုးငွေ ( … Read more

  • ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၂၁)ရက်နေ့(၁၅:၀၀)နာရီ အချိန်ခန့်တွင်မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာတွင် ရေတိုက်စားပြီးကမ်းပါး ပြိုကျမှု ကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့်လူနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၇၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေစုစုပေါင်း(၂၆) ဦးတို့အတွက်  (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၄,၆၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၅၄,၆၀၀/-) ကျပ်တို့ အား (၂၈-၆-၂၀၂၁)ရက်နေ့ (၁၆:၀၀) နာရီအချိန်ခန့်တွင် ပေါင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ … Read more

  • သဘာဝဘေးအသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၂၁)ရက်နေ့ (၀၇:၃၀)နာရီအချိန်တွင် ခန္တီးမြို့၊ ကမ်းနားလမ်းနှင့် ဈေးလမ်းဆုံနေရာ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ Mask Campaign ပြုလုပ်ရာတွင် ပူးပေါင်းပါဝင်၍ ခန္တီးမြို့နယ်အတွင်း မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများရေဘေးအန္တရာယ်မှ ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ရေဘေးအသိပညာပေး လက်ကမ်းစာစောင် (၁၀၀)ခုအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_fld #sgg_jun2021 Source:  ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)