ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(ခွဲ)(၃) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  သဘာဝဘေးအသိပညာပေးဟောပြောပွဲ Talk  Show  ပြုလုပ်မှုသတင်း - ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၌ (မြို့နယ်အဆင့်) ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်းအမှတ်စဉ် (၄/၂၀၂၆) ဖွင့်လှစ်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၅) စာသင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • Covid-19 ကူးစက်ရောဂါနှင့် ရာသီကာလအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအား အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြင်းခြံမြို့နယ်ရှိ ရပ်ကွက်(၁၊၂၊၃၊၄၊၅)၊ ကန်စွယ်ကျေးရွာအုပ်စုတွင် ကန်စွယ်၊ ပျိုးကန်ကျေးရွာအုပ်စုတွင် ပျိုးကန်၊ ကျီးပင်ကန်ကျေးရွာအုပ်စုတွင် ကျီးပင်ကန်၊ ယုန်ထိုးဆွယ်၊ ဆိပ်ကုန်း၊ သင်ပြွန်းကျေးရွာအုပ်စုတွင် သင်ပြွန်း၊ ညောင်ပင်သာ၊ တဲ၊ ခင်မကန်၊ စုစုပေါင်း ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄)စုနှင့် ကျေးရွာ(၉)ရွာသို့ (၁၈-၈-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက် ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ် များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more

  • Covid-19 ကူးစက်ရောဂါနှင့် ရာသီကာလအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များအား အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြင်းခြံမြို့နယ်ရှိ ရပ်ကွက်(၇၊၈၊၉၊၁၀၊၁၁၊၁၂)၊ ကွမ်းသီးပင်းကျေးရွာအုပ်စုတွင် ကွမ်းသီးပင်၊ အင်ဂျင်ပင်၊ ကြက်ရှာ၊ လှိုင်းတက်၊ လင့်ကြီးကျေးရွာအုပ်စုတွင် လင့်ကြီး(မ)၊ လင့်ကြီး(တ)၊ ကျွန်းဦး၊ ဆိတ်ညံ၊ မရိုးကုန်း၊ စုစုပေါင်း ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂)စုနှင့် ကျေးရွာ(၉)ရွာသို့ (၁၇-၈-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ် များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mdy_aug2021

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြန်ဆက်၊ ခရိုင်ကြက်ခြေနီတို့နှင့်အတူ (၁၉-၈-၂၀၂၁) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်မှ (၁၇:၀၀) နာရီအချိန် ထိ မွန်ပြည်နယ်၊ သထုံခရိုင်သထုံမြို့နယ်၊ တံတားဦးကျးရွာနှင့် ​မိုးကောင်းကျေးရွာတို့တွင် ​နေထိုင်သောပြည်သူများအား Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ​ပေးနှင့်ပတ်သက်၍ သိရှိလိုက်နာ​ဆောင်ရွက်ရမည့်  ဆောင်ရန်/ ရှောင်ရန်အချက်များအားအသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းအားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_aug2021

  • COVID-19 ရောဂါနှင့်စပ်လျဉ်း၍အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်း များဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၉-၈-၂၀၂၁)ရက်နေ့ (၁၁း၀၀)နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်ထိ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာ၊ ကံလှကျေးရွာ၊ ကျောင်းစုကျေးရွာနှင့် ဇီးကျွန်း ကျေးရွာများတွင် မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့အတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် COVID-19 ရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_aug2021 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မြစ်ရေကြီးခြင်းသတိပေးချက်

    ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂) ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၄) ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရွှေကူမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်များ အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့် ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် … Read more

  • Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၁) ရက်နေ့၌ ထားဝယ်မြို့နယ်၊ ကညုံရပ်ကွက်၊ ဇရစ်ရပ်ကွက်နှင့် ကရပ်ပြင်ရပ်ကွက် တို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_aug2021