ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု၊ ဖားကြီးကျေးရွာ၌  (၂၆-၇-၂၀၂၁)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှု ကြောင့် ပြိုကျပျက်စီးခဲ့သည့် တောတိုင်၊ ပျဥ်ခင်း၊ ဖက်မိုး၊ ဝါးထရံကာ လူနေအိမ်(၁)လုံးမှ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-) ကျပ်၊ စုစုပေါင်း (၁၁၂,၆၀၀/-)ကျပ်တို့အား (၂၉-၇-၂၀၂၁)ရက်နေ့ (၁၃း၀၀)နာရီ အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • ရေဘေးရှောင်ကယ်ဆယ်ရေး စခန်းများမှ အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဘေးရှောင်ကယ်ဆယ်ရေး စခန်းများမှ အိမ်ထောင်စုများအတွက် မာမား (၃၀) ထုပ်ပါ (၆၀) ဖာကို အရှေ့တောင် တိုင်းစစ် ဌာန ချုပ်ကိုယ်စား ဗိုလ်မှူးကြီးတိုးဝင်းမှ လည်းကောင်း၊ (၂၇-၇-၂၀၂၁) ရက်နေ့ (၁၈:၀၀) အချိန်မှ (၂၈-၇-၂၀၂၁) ရက်နေ့၊ (၁၂၀၀) နာရီအချိန်ထိ ကယ်ဆယ်ရေးစခန်း (၁၂) ခုသို့ ရောက်ရှိလာသည့် ထပ်တိုးလူဦးရေ (၂၄၂၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅,၀၈၂,၀၀၀/-) ကျပ်တို့အား လည်းကောင်း၊ … Read more

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်၊ (၁၂:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၅)လက်မခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင် ပါသည်။ သောင်ရင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၇)ပေခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃)ရက်အတွင်း … Read more

  • မြဝတီမြို့ရှိ ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဃ်န်းညီ​နောင်အခြေချ စစ်ဗျူဟာ၊ ရှေ့တန်းအမှတ် (၂၇၅) တပ်ရင်းနှင့် နယ်ခြားစောင့် တပ်ရင်းအမှတ် (၁၀၁၇) တို့မှ ပူးပေါင်း၍ (၂၆-၇-၂၀၂၁) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ သောင်ရင်းမြစ်ရေ လျှံတက် ပြီး အနိမ့်ပိုင်းနေရာများသို့ရေကြီးမှု  ဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့် အိမ်ထောင်စုများ အတွက် ဆန်(၆)ပြည် အိတ်(၆၀၀)အိတ်တို့အားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် စေတနာရှင်များမှ  ထမင်းဘူး(၅၀၀)ဘူးတို့အား (၂၈-၇-၂၀၂၁) ရက်နေ့တွင် ရေဘေးသင့်ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်းနှင့် … Read more

  • လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်​ကျေးရွာအုပ်စုနှင့် အနိုင်းပွန်ကျေးရွာအုပ်စုတို့၌ (၂၃-၇-၂၀၂၁) ရက် နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၄) လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁၄)လုံး စုစုပေါင်းနေအိမ် (၁၈)လုံး၊ အိမ်ထောင်စု(၁၈)စုနှင့် လူဦးရေ (၈၀) ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၄၈,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆၈,၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁,၅၁၆,၀၀၀/-)ကျပ်တို့အားလည်းကောင်း ပြိုကျ ပျက်စီးနေအိမ် (၄) လုံးအတွက် … Read more

  • ပဲခူးမြစ်ရေ ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းအိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ပဲခူးမြစ်ရေ မြင့်တက်ဝင်ရောက်ခဲ့မှုကြောင့် ပဲခူးမြို့ အလကခွဲ (ဖောင်တော်ဦး) နှင့် ဖောင်တော်ဦး အမက တွင် ရွှေ့ပြောင်းထားရှိသော ဇိုင်းဂနိုင်း (တောင်ပိုင်း)မှ အိမ်ထောင်စု (၇၂)စု၊ လူဦးရေ (၃၂၀) ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၆၇၂,၀၀၀/-) ကျပ်နှင့် Mask (၂) ခုနှုန်းဖြင့် စုစုပေါင်း Mask (၆၄၀) ခု တို့အား (၂၈-၇-၂၀၂၁) ရက်နေ့၊ … Read more