ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များ အကြောင်း အသိပညာပေးခြင်းသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် မြင်းခြံမြို့နယ်ရှိ ရပ်ကွက်(၁,၂,၃,၄,၅,၆,)၊ ရွာစည်ကျေးရွာအုပ်စုတွင် ရွာစည်(တောင်)၊ ရွာစည်(‌မြောက်)၊ သိမ်ရွာ၊ ရှားတောကျေးရွာအုပ်စုတွင် ရှားတော၊ အနောက်ရွာပိုး၊ ပျော်ခင်းသာ၊ ပြည်တော်သာ၊ အေးကျေးရွာအုပ်စုတွင် အေးကျေးရွာ၊ စုစုပေါင်း ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃)စုနှင့် ကျေးရွာ(၈)ရွာသို့  (၃-၈-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက် ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_aug2021 Source: မြင်းခြံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၂၁) ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်၊ ဖာလမ်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း (၁)ကျောင်း၊ စာသင်ကျောင်းဆောင် (၁)ဆောင်နှင့် အမိုးလန်အိမ်ခြေပေါင်း (၇၂)လုံးတို့အတွက် အလူဇင့်(၇)ပေ အမိုးသွပ် စုစုပေါင်း (၇၅၈)ချပ်အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ (၃၀-၇-၂၀၂၁) ရက်နေ့တွင် မိုင်းကိုင်မြို့သို့ပေးပို့ခဲ့ရာ (၅-၈-၂၀၂၁) ရက်နေ့၊ မွန်းလွဲပိုင်း (၁၄:၃၀) အချိန်တွင် မိုင်းကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ လွဲပြောင်းထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_aug2021 … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး လက်အောက်ရှိခရိုင်/မြို့နယ်မှ တာဝန်ရှိသူများသည် (၃၁.၇.၂၀၂၁) ရက်နေ့မှ (၅.၈.၂၀၂၁)ရက်နေ့အတွင်း ရှမ်းပြည်နယ်အတွင်းရှိ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ မန်တုံမြို့နယ်(၄)မြို့နယ်ရှိ တိုက်ပွဲရှောင်စခန်း (၂၂)ခုတို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲတန်ဖိုး‌(၃၉၇၇၅၃၀၀ိ/-)တို့အား အိမ်ထောင်စု(၁၄၀၅)စု၊ လူဦးရေ(၇၂၂၉)ဦးတို့အတွက် (၅.၈.၂၀၂၁)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #shn_aug2021 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၅.၈.၂၀၂၁)ရက်နေ့တွင် မြစ်ရေကြီးမှုသတိပေးချက်

    https://www.facebook.com/dmhmoezalanaypyitaw/photos/a.405015606320190/2028077067347361/?__cft__[0]=AZWbtZuoSw70kWe0cw3DMpNl8h9E8EcWmpF76r6OMFeYlPd3Wa9N2SOEqIB3PhklH-mnBDGhqQ6ims1fBKQIeTlyPexcnt8l6T_5QX_-J04crKqUwcqKHEYt0mr_kyUwXxjxX8s6UhCJeh2FZjlX07lu&__tn__=EH-R ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင်ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဘားအံမြို့နယ်တွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၂၁)ရက်နေ့၊ (၁၆:၃၀)အချိန်တွင် ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ ကတိုင်တိကျေးရွာ နေမောင်ရဲမင်းထွေးနှင့် မောင်သန့်ဇင်စိုးတို့သည် ဖာပွန်-ကတိုင်တိ-ကမမောင်းလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဥ် ကားလမ်းဘေးသို့ချမောင်းနှင်မိရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ဒဏ်ရာရရှိသူ(၂)ဦးတို့အတွက် ထောက်ပံ့ငွေကျပ်(၁၀၀၀၀၀/-)တိတိအား ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၂၁)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် ကာယကံရှင်၏ ဆွေမျိုးများထံသို့ ထောက်ပံပေးခဲ့ပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #otr #kyn_aug2021 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၈.၂၀၂၁)ရက်နေ့တွင် မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် မြေစိုက်လူနေအိမ် (၁)လုံး ပြိုကျပျက်စီးခဲ့ပြီး အဆိုပါ လေဘေးသင့် ပြိုကျပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ ဘေးသင့်လူဦးရေ (၅)ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဘိုးငွေ (၁၀,၅၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၀,၅၀၀ိ/-)ကျပ်နှင့် ပြိုကျ ပျက်စီး​လေဘေးသင့် အိမ်ထောင်စု (၁)စုစာအတွက် (၄၆၀၃၆/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)ပုံး တို့အား … Read more