ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ရေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၁) ရက်နေ့မှ (၇-၈-၂၀၂၁) ရက်နေ့အထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ် ကျေးရွာအုပ်စုတွင် ဒုံသမိမြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း(၂)ခုသို့ ရွှေ့ပြောင်းခဲ့ရသည့် ထပ်တိုးအိမ်ထောင်စု (၃၃) စုမှ လူဦးရေ(၁၃၇)ဦးတို့အတွက် (၇) ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၂၈၇,၇၀ဝ) ကျပ်အား (၉-၈-၂၀၂၁) ရက်နေ့ (၁၁:၃၀) နာရီအချိန်ခန့်တွင် သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ဒူးရင်းဆိပ်ကျေးရွာ အ.ထ.က(ခွဲ) ဒူးရင်းဆိပ်၌ ​ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၈-၈-၂၀၂၁)ရက်နေ့ (၀၉:၀၀) နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်ထိ ခရိုင်ပြန်/ဆက်၊ မြို့နယ်မီးသတ်ဦးစီးဌာနများနှင့် ပူးပေါင်း၍ ခန္တီးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဇီးဖြူကုန်းရပ်ကွက်၊ မြို့မရပ်ကွက်၊ ပေါမိုင်းရပ်ကွက်နှင့် အောင်သာ၊ သာစည်၊ ဆင်သေကျေးရွာများ၌ COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် အသိပညာပေးခြင်း၊ ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား နှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2021 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈–၈-၂၀၂၁)ရက်နေ့ (၀၈း၀၀)နာရီ အချိန်မှ (၁၃း၀၀)နာရီအချိန်ထိ မြို့နယ်(ထွေ/အုပ်)၊ ခရိုင်(ပြန်/ဆက်)၊ မြို့နယ်မီးသတ်ဦးစီးဌာနများနှင့် ပူးပေါင်း၍ တမူးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် စန္ဒကူးရပ်ကွက်၊ မြို့မရပ်ကွက်၊ စော်ဘွားကြီးရပ်ကွက်နှင့် ဈေးတန်းကြီးရပ်ကွက်များတွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်း အများပြည်သူအလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားသော စည်းကမ်းချက်များအား လိုက်နာဆောင်ရွက် ရန်အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ရောဂါနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် အချက်များအား လိုက်လံနှိူးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၃-၇-၂၀၂၁)ရက်နေ့ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ရှမ်းရွာကြီးကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သောလေဘေးမှ ပြိုလဲနေအိမ်(၁၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၁၀၀၀၀ဝိ/-)၊အမိုးလန်နေအိမ် (၃၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၂၃၆၀၀၀ဝိ/-)၊ လူဦးရေ(၁၈၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၈၄၃၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈၄၄၃၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၅) အိမ်ထောင်စာနှင့် (၁၆) မျိုး (၆)အိမ်ထောင်စာ စက္ကူပုံး(၂)ပုံးတို့အား (၃-၈-၂၀၂၁) ရက်နေ့ (၁၁:၄၅)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပြီး ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2021 … Read more

  • ရေဘေးအန္တရာယ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၂၁)ရက်နေ့ (၀၈း၀၀)နာရီ အချိန်မှ (၁၀း၀၀)နာရီအချိန်ထိ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လက်ခုပ်ကျေးရွာ၊ သာစည်ကျေးရွာ၊ ဒေးဒရဲကျေးရွာနှင့် သဲကုန်းကျေးရွာများသို့ မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ် နှင့်ပတ်သက်၍ ဆောင်ရန်၊ရှောင်ရန်အချက်အလက်များ၊ ပြည်သူများကြိုတင်ပြင်ဆင်ရန် အချက် အလက်များအား အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_aug2021 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်​ရောချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီ မံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ကနန်းဒေသစိတ်အတွင်းရှိ ကနန်းမူးသားကျေးရွာအုပ်စု၊ ပဲ့နင်းကျေးရွာတွင် (၃၁.၇.၂၀၂၁)ရက်နေ့၌ မူးမြစ်ရေ ရုတ်တရက်ဝင်ရောက်မှုကြောင့် မျှောပါပျက်စီးခဲ့သော ဘေးသင့်အိမ်ထောင်စု (၁)စုမှ လူ(၆)ဦး အတွက် အဝတ်(Mask) (၁၂)ခု၊ Family Kit (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀ဝိ/-)နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၁၂၆၀ဝိ/-)ကျပ်အား (၇.၈.၂၀၂၁)ရက်နေ့ (၁၀:၃၀) နာရီအချိန်ခန့်တွင် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှတဆင့် ဘေးသင့်ပြည်သူထံ သို့ ထုတ်ပေးထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld … Read more