Latest News
-
Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၁) ရက်နေ့တွင် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ ပဲခူးမြို့နယ်၊ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်နှင့် ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်အတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွား စေရန်နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ၊ Surgical Mask များအား ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မိတီ္ထလာခရိုင်ဦးစီးမှူးရုံးနှင့် သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံး တို့မှ တာ၀န်ရှိသူများသည် သာစည်မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ် များရှိ ရပ်ကွက်/ ကျေးရွာအုပ်စုနှင့် ကျေးရွာများသို့ (၁၄-၉-၂၀၂၁) ရက်နေ့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၁) ရက်နေ့၊ (၁၀:၀၀) နာရီ အချိန်မှ (၁၂:၀၀)နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာနှင့် ရင်းငြိမ်မြောက်ကျေးရွာတို့တွင် နေထိုင် သောပြည်သူများအား Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွား စေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၂၁)ရက်နေ့တွင် ဝက်လဟာအုပ်စု၊ ကညင်တပင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင် ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်ခြေ (၇)လုံး၊ အိမ်ထောင်စု (၇)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀ဝဝဝ/-) ကျပ် ၊ လူဦးရေ (၃၀) ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၆၃၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး-(၇၆၃၀၀၀/-) ကျပ်တို့ကို (၁၄-၉-၂၀၂၁) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ … Read more
-
Covid-19 ကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၁) ရက်နေ့၊ (၁၄:၀၀) နာရီအချိန် မှ (၁၆:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ကတိုက်ကြီးကျေးရွာနှင့် ကတိုက်ကလေးကျေးရွာတို့တွင် နေထိုင်သော ပြည်သူများအား Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #mon_sep2021 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၂၁) ရက်နေ့၊ (၁၄:၀၀) နာရီ အချိန်ခန့်တွင် ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက် အတွင်း ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၈၂) စု၊ လူဦးရေ (၃၄၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၇၃၂၉၀၀/-)ကျပ်နှင် လူ (၁) ဦးလျှင် ပါးစပ်နှင့် နှာခေါင်းစည်း Mask (၂) ခုနှုန်းဖြင့် Mask (၆၉၈)ခု၊ တန်ဖိုးငွေ (၄၁၈၈၀/-)ကျပ်တို့အား … Read more









