Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၁) ရက်နေ့တွင် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ ပဲခူးမြို့နယ်၊ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်နှင့် ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်အတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွား စေရန်နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ၊ Surgical Mask များအား ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#bgo_sep2021

Source:   ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events