ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်​ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Covid-19 ရောဂါအသိပညာပေး ဗီနိုင်းပိုစတာ (၉x၆) ပေ ဆိုင်းဘုတ်အား ကျိုက်ထိုမြို့၊ ရှမ်းစျေး (ပြည်သူ့စျေး) ရှေ့နေရာတွင် (၂၂-၈-၂၀၂၁) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် စိုက်ထူ ပေးခဲ့ပါကြောင်း သတင်းပေးရရှိပါသည်။ #ar #mon_aug2021 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • မြစ်ရေကြီးမှုအခြေနေသတင်း

    ========================================= (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်၊ (၀၈:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) —————————————————- ချင်းတွင်းမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ   ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်  နောက်(၁)ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက်    သို့ဖြစ်ပါ၍ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

  • Covid-19 ကူးစက်​ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Covid-19 အသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား (၂၂-၈-၂၀၁) ရက် နေ့ (၀၉:၁၅) နာရီမှ (၁၀:၁၅) နာရီအချိန်အထိ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်း ယာဉ်ရပ်နားနေရာ၊ စစ်တပ်စျေးအနီး၌ စိုက်ထူခဲ့ပါကြောင်း သတင်းပေးရရှိပါသည်။ #ar #mon_aug2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်​ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၁) ရက်နေ့ (၀၈:၀၀) နာရီမှ (၀၈:၃၀) နာရီအချိန်ထိ မွန်ပြည်နယ် သထုံခရိုင်၊ သထုံမြို့၊ သုဝဏ္ဏစျေးအရှေ့တွင် Covid-19 ရောဂါကူးစက်​ရောဂါပျံ့နှံ့မှုများ မဖြစ်ပွား​စေရန် ဆောင်ရန်/ ရှောင်ရန်အချက်များကို ပြည်သူများ သိရှိလိုက်နာစေရန် အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မြစ်ရေကြီးခြင်းသတိပေးချက်

    ===================================== (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၁)ရက်၊ (၁၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ———————————————————————    ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်  တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံ မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~    သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

  • COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြန်ဆက်၊ ခရိုင်ကြက်ခြေနီတို့နှင့်အတူ (၂၀-၈-၂၀၂၁) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာနှင့် ဒုံဝန်းကျေးရွာတို့တွင် နေထိုင်သော ပြည်သူများအား Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှင့်ပတ်သက် ၍ သိရှိလိုက်နာဆောင်ရွက်ရမည့်  ဆောင်ရန်/ ရှောင်ရန်အချက်များအားအသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းအားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_aug2021