ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ကူးစက်‌ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ‌သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာ အုပ်စုတွင် Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သိရှိလိုက်နာဆောင်ရွက်သွားမည့် အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ဘီးလင်းမြို့နယ်အတွင်းရှိ ရွှေလှေကျေးရွာအုပ်စုတွင်နေထိုင်သည့် ပြည်သူများသိရှိစေရန် အသံချဲ့စက်တို့ဖြင့် လှည့်လည်အသိပညာပေး ကြေညာခဲ့ဖြစ်ပါကြောင်း  သတင်းလက်ခံရရှိပါသည်။ #ar #mon_aug2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၈.၂၀၂၁)ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် မြောင်းမြခရိုင်|ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ရွာမကျေးရွာတွင် (၂၃.၈.၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ နေအိမ်(၆)လုံး၊ လူဦးရေ(၃၁)ဦးတို့အတွက်၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၆၀၀၀၀၀ိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ(၆၅၁၀၀ိ/-) စုစုပေါင်းရန်ပုံငွေ(၆၆၅၁၀၀ိ/-)နှင့် Mask(၆၂)ခုအား ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနတွင် ဘေးသင့်ပြည်သူများထံသွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2021 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်‌ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေး အန္တရာယ်များအကြောင်း အသိပညာပေးမှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြင်းခြံမြို့နယ်တွင်  ကိုင်းကျေးရွာအုပ်စု၊ ကိုင်းကျေးရွာ၊ ရန္တပိုကျေးရွာအုပ်စု၊ ရန္တပိုကျေးရွာ၊ ညောင်တိုကျေးရွာအုပ်စု၊ ညောင်တိုကျေးရွာ၊ ဆင်ချောင်းကျေးရွာအုပ်စု၊ ဆင်ချောင်း(တ)ကျေးရွာ၊ ဆင်ချောင်း(မ)ကျေးရွာ၊   တလုပ်မြို့ကျေးရွာအုပ်စု၊ တလုပ်မြို့ကျေးရွာ၊ မြို့ကြီးကုန်းကျေးရွာ၊ မြောက်ရွာလေးကျေးရွာနှင့်  ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ကျောက်ဆည်မြို့နယ်တွင် ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ ရေသရောက်ကျေးရွာအုပ်စု၊ ရေသရောက်ကျေးရွာ၊ ချောင်းဆုံကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာ၊ ကြက်သားဟင်းကျေးရွာအုပ်စု၊ ကြက်သားဟင်းကျေးရွာ၊ ပိတောက်ကျေးရွာ၊ ကျည်အင်းကျေးရွာ၊ ပျားကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ ရဲရွာကျေးရွာအုပ်စု၊ ရဲရွာကျေးရွာ၊ သရက်ပင်ကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာ၊ … Read more

  • သဘာဝဘေးအန္တရာယ်များနှင့် COVID-19ကူးစက်် ရောဂါကာကွယ်ရေးအသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ဝက်တဲကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်များနှင့် COVID-19ကူးစက်် ရောဂါကာကွယ်ရေး အသိပညာပေးခြင်းအား အသံချဲ့စက်များဖြင့်ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ  ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းလက်ခံရရှိပါသည်။

  • COVID-19 ကူးစက်‌ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေး အန္တရာယ်များအကြောင်း အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၅-၈-၂၀၂၁) ရက်နေ့၊ (၁၄း၀၀)နာရီအချိန်မှ (၁၆း၀၀)နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာနှင့် ရဲပြားကုန် ကျေးရွာတို့တွင် နေထိုင်သော ပြည်သူများအား Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်  ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းအားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဥယျာဥ်ကျစ်ကျေးရွာအုပ်စု၊ ရှောက်တောကျေးရွာတွင် (၂၁-၈-၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၁)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး (၂,၁၀၀ိ/-) ရန်ပုံငွေစုစုပေါင်း (၁၀၂,၁၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁)စုစာတို့အား (၂၅-၈-၂၀၂၁)ရက်နေ့ (၁၁း၃၀)နာရီအချိန် တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_aug2021 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)