ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ  တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၁) ရက်နေ့၌ သရက်​​ချောင်း​မြို့နယ် ဆင်ကူးကျေးရွာ၊ ကျွဲဇပ်ကျေးရွာနှင့် ဆင်ကျန်းကျေးရွာတို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းကို မီးသတ်ဦးစီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_aug2021

  • Covid-19 ကူးစက်‌ရောဂါ မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၆-၈-၂၀၂၁) ရက်နေ့၊ (၁၁း၀၀)နာရီအချိန်မှ (၁၃း၀၀)နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာနှင့် သဲ​ဖြူကုန်းကျေးရွာ တို့တွင် နေထိုင်သောပြည်သူများအားCovid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး နှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်  ဆောင်ရန်/ ရှောင်ရန်အချက်များအားအသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းအားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • COVID-19 ကူးစက်ရောဂါကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်များ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ပိုင်ကမာကျေးရွာနှင့် ကျိုက်ရွဲကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်များနှင့် COVID-19ကူးစက်် ရောဂါကာကွယ်ရေး အသိပညာပေးခြင်းအား အသံချဲ့စက်များဖြင့် ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ  ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်‌ရောဂါ မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၁) ရက်နေ့၌ ကော့သောင်းမြို့နယ်၊ ပိတောက်ရွှေဝါရပ်ကွက်၊ ​အောင်သုခရပ်ကွက်နှင့် သီရိမြိုင်ရပ်ကွက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2021 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်‌ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၁) ရက်နေ့၊ (၀၉:၃၀)အချိန်မှ (၁၂:၃၀)အချိန် ထိချောင်းဆုံမြို့နယ်၊ ချောင်းဆုံအ​နောက်ရပ်ကွက်နှင့် ကဒါကျေးရွာအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်ပွားမှုများ လျော့နည်း ပပျောက်စေရန်အတွက် ဆောင်ရန်/ရှောင်ရန်များကို သိရှိနိုင်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များကို အသိပညာပေးခြင်းနှင့် ရာသီအလိုက် ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်‌ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၂၁) ရက်နေ့တွင် (၁၀:၃၀)နာရီ အချိန်မှ(၁၂:၀၀)နာရီအချိန်အထိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ​ကော့စံနိုင်ရပ်ကွက်နှင့် ကံ့ကော်ရပ်ကွက်တို့တွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါကူးစက်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို Hand Speaker တို့ဖြင့် လှည့်လည်အသိပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းလက်ခံရရှိပါသည်။ #ar #mon_aug2021 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)