လေဘေးထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်ငူမြို့နယ်၊ မဟင်ကျေးရွာအုပ်စု၊ ငါးဖယ်အင်းကျေးရွာအုပ်စုနှင့် အင်ဒိုင်းကျေးရွာအုပ်စုတို့တွင် (၂၂-၉-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် သစ်ပင်ပိပြိုလဲပျက်စီးခဲ့သည့် လူနေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၉၀၀၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၂၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၄၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၄၄၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၅) အိမ်ထောင်စာတို့အား (၂၇-၉-၂၀၂၁) ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_sep_2021
Source: တောင်ငူခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events