ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မြစ်ရေကြီးခြင်းသတိပေးချက်

    မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၅.၉.၂၀၂၁) ရက်နေ့တွင် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက် အတွင်းယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ သာပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

  • ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅. ၉ .၂၀၂၁)ရက်နေ့ (၀၉း၀၀) နာရီအချိန်မှ (၀၉း၄၅) နာရီအချိန်အထိ ညောင်တုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက် ပန်းလှိုင်မြစ်ကမ်း တွင်ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ဆည်​မြောင်းဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ဖြင့် ပူးပေါင်းဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #simex #ayy_sep2021 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၅.၉.၂၀၂၁) ရက်နေ့တွင် မြစ်ရေ ကြီးမှု အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။ ဧရာဝတီမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၉)လက်မခန့်ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြိုတွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် … Read more

  • မြစ်ရေကြီးခြင်းသတိပေးချက်

    မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၅.၉.၂၀၂၁) ရက်နေ့တွင် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၁) လက်မခန့်တွင်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက် အတွင်းယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ငါးသိုင်းချောင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

  • Covid-19 ကူးစက်‌ရောဂါ အသိပညာပေးသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်​နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး လားရှိုးမြို့နေပြည်သူများ COVID-19 ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အများပြည်သူ သွားလာအသုံးပြုသောလမ်းများ ရပ်ကွက်များသို့ လှည့်လည်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက်ထုတ်ပြန်ထားသောအသိ ပညာပေးစာသားများကို ဖတ်ကြားခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို (၄.၉.၂၀၂၁)ရက်နေ့၌ ပြည်​ထောင်စုလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ မာန်မြေကျေးရွာ အုပ်စု၊ မိန်းမလှကျွန်းကျေးရွာနှင့် ထနောင်းကုန်းကျေးရွာတွင် ၃.၉.၂၀၂၁ရက်နေ့တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အိမ်​ ခြေ (၉)လုံးရှိ ရေဘေးသင့်လူဦးရေ (၂၀) ဦးအတွက်ဆန်ရိက္ခာ (၇)ရက်စာ (၄၂၀၀၀)အား ကျေးရွာအုပ်ချုပ်ရေးမှူးထံ(၄.၉.၂၀၂၁)ရက်နေ့၊(၁၅း၁၆) အချိန်တွင် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းလက်ခံရရှိပါသည်။ #ha_fld #mgy_sep2021 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)