Latest News
-
ဒဏ်ရာရပြည်သူအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၉-၂၀၂၁)ရက်နေ့၊ (၂၁:၄၀) အချိန်ခန့်တွင် ဖာပွန်မြို့၊ ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံ၊ အရိုးအကြောလူနာဆောင်အနီးရှိ အဆောက်အဦများသို့ လက်နက်ကြီးကျရောက်ထိမှန်ခဲ့သောကြောင့် ကိုဗစ်-၁၉ ဆေးကုသမှုခံယူနေသူ(၁)ဦးဒဏ်ရာရှိခဲ့သဖြင့် အဆိုပါဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀ဝ/-)ကျပ်အား (၇-၉-၂၀၂၁)ရက်နေ့၊ (၁၀:၃၀)နာရီ အချိန်ခန့်တွင် ဖာပွန်ခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #krn_sep2021 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပသိပညာပေးဆောင်ရွက်မှုူသတင်း
လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၁) ရက်နေ့၌ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဥဿမြို့သစ်၊ ရပ်ကွက်ကြီး (၁) နှင့် ရပ်ကွက်ကြီး (၂) တို့တွင် stay at home ကာလအတွင်း Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်နာဆောင်ရွက်ရမည့်ကာကွယ်ရေးနည်းလမ်းများနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ ရှောင်ရန် များအား အများပြည်သူသိရှိလိုက်နာနိုင်ရေး လော်စပီကာဖြင့်လိုက်လံနှိုးဆော်ခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #bgo_sep2021
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ ကတ်ဖကျေးရွာ၊ ဟိုနားကျေးရွာ၊ ဝှေးဆမ်းကျေးရွာ၊ ဝမ်ဆိုင်းကျေးရွာ၊ လောင့်တောင်းကျေးရွာနှင့် ယန်းလှကျေးရွာတို့တွင် Covid–19 ရောဂါတတိယလှိုင်း ကူးစက်ပျံ့နှံ့မှု ပိုမိုမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိူးဆော်ခြင်း၊ Covid-19 ရောဂါ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask များ ဝေငှခြင်း အစီအစဉ်တို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2021
-
ကမ်းပြိုဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာ၌ (၂-၉-၂၀၂၁) ရက်နေ့မှ (၅-၉-၂၀၂၁) ရက်နေ့အထိ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းအိမ်ခြေ(၇၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇,၅၀၀,၀၀၀) ကျပ်၊ လူဦးရေ (၂၂၇) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၅၈၁,၇၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၈,၀၈၁,၇၀၀) ကျပ်နှင့် Surgical Masks (၅၅၄) ခုတို့အား (၆-၉-၂၀၂၁) ရက်နေ့ (၁၄:၃၀) နာရီတွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် … Read more
-
COVID-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦးခရိုင်ဦးစီးမှူးရုံး၊ သပိတ်ကျင်း မြို့နယ်ဦးစီးမှူးရုံး၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံး၊ တံတားဦးမြို့နယ်ဦးစီးမှူးရုံးနှင့် ဝမ်းတွင်း မြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် (၆-၉-၂၀၂၁) ရက်နေ့တွင် ကျောက်ပန်းတောင်း မြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ တံတားဦးမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာအုပ်စုနှင့် ကျေးရွာများ၌ COVID-19 ရောဂါနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_sep2021 Source: မန္တလေးတိုင်းဒေသကြီး (ဘစမ)
-
COVID-19 ရောဂါနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦးခရိုင်ဦးစီးမှူးရုံး၊ သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံးနှင့် နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးတို့မှတာ၀န်ရှိသူများသည် (၅-၉-၂၀၂၁)ရက်နေ့တွင် ညောင်းဦးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ နွားထိုးကြီးမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စုနှင့် ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_sep2021 Source: မန္တလေးတိုင်းဒေသကြီး (ဘစမ)









