ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၉-၂၀၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်မှ (၁၂:၀၀)အချိန်အထိ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၈)နှင့် ရပ်ကွက်ကြီး(၉)အတွင်း ကိုဗစ်-၁၉ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်နှင့် Surgical Mask များကို ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟင်္သာမြို့နယ်၊ အိပ်ပျက်​ကျေးရွာအုပ်စု၊ ​ဖောင်ဆိပ်​ကျေးရွာ၌ ကမ်းပြို​ဘေး​ဖြစ်ပွားခဲ့​သောကြောင့် (၆-၉-၂၀၂၁)ရက်​နေ့မှ (၉-၉-၂၀၂၁)ရက်​နေ့အထိ ​ရွှေ့​ပြောင်းအိမ်​ခြေ(၅၂)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုးထောက်ပံ့​ငွေ(၅,၂၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦး​ရေ(၁၈၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၉၂,၇၀၀)ကျပ်၊ စုစု​ပေါင်းထောက်ပံ့ငွေ(၅,၅၉၂,၇၀၀)ကျပ်နှင့် Surgical Masks (၃၇၄)ခုအား ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ရုံးမှတာဝန်ရှိသူများနှင့်အတူ ​ဘေးသင့်ပြည်သူများထံ​သို့ ထောက်ပံ့​ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep2021 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၁၁-၉-၂၀၂၁) ရက်နေ့တွင် မြစ်ရေကြီးမှု အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ငဝန်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၁)လက်မခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် သာပေါင်းမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၂)လက်မခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၁)ရက်အတွင်း … Read more

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    ========================================= (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်၊ (၀၈:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ငဝန်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့ တွင် ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်သို့ (၁)လက်မခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်  နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်သို့ (၁)လက်မခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည်  နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ … Read more

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    =====================================  (၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်၊ (၀၈:၀၀)နာရီ အချိန် ထုတ်ပြန်ချက်) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်သို့ (၂)လက်မခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်  နောက်(၁၂)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင် ပါသည်။ ငဝန်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်သို့ (၂)လက်မခန့် ကျော်လွန်ရောက်ရှိနေပါသည်။ … Read more

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ မာန်မြေ ကျေးရွာအုပ်စု၊ မိန်းမလှကျွန်းကျေးရွာတွင် (၈.၉.၂၀၂၁) ရက်နေ့တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့်  ပြောင်းရွှေ့ရသော အိမ်​ခြေ (၅)လုံးရှိ ရေဘေးသင့်လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၁၆၈၀၀/-)ကျပ်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းတွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၉.၉.၂၀၂၁)ရက်နေ့၊(၁၂:၀၀) နာရီ အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_sep2021 Source:   ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)