Latest News
-
COVID-19 အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၁)ရက်နေ့၊ (၀၉:၀၀)နာရီချိန်မှ (၁၂:၀၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ ဘားကပ်စံပြကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ တောင်ကလေးကျေးရွာ၊ နှစ်ခြားကျေးရွာ၊ ဌာနီကုန်းကျေးရွာ၊ ဝဲကြီးစံပြကျေးရွာ၊ ရေကျော်ကြီးကျေးရွာ၊ ရေကျော်လေးကျေးရွာနှင့် ဘားကပ်စံပြဈေးများသို့ သွားရောက်၍ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_sep_2021 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၉.၂၀၂၁)နေ့တွင် ဂဝေသီစေတနာရှင်များပရဟိတအသင်းနှင့်ပူးပေါင်း၍ Stay at home ကြေညာထားသောနေရာများဖြစ်သည့် မြိတ်မြို့နယ်၊ ဘုတ်ချောင်း၊ ငွေပုလဲ၊ ချောင်းကူးငယ်ရပ်ကွက်တို့တွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ မဖြစ်ပွားစေရေးအတွက် အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_sep_2021 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာနှင့် နှီးပဒေါကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်များနှင့်COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းအား အသံချဲ့စက်များ ဖြင့် ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများးသည် (၂၀-၉-၂၀၂၁)ရက်နေ့တွင် (၀၉:၃၀) အချိန်မှ(၁၂:၀၀)အချိန်အထိ ထန်းတပင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက် အောင်သုခရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်အတွင်း Covid-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိ လိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေး လက်ကမ်းစာစောင်များ၊ Surgical Maskများကို ပြည်သူလူထုများထံ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်များနှင့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၉-၂၀၂၁) ရက်နေ့တွင် (၀၉:၀၀)အချိန်မှ (၁၂:၀၀)အချိန်အထိ သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ သုခဝေဖြာရပ်ကွက်နှင့် ချမ်းမြေ့သာယာရပ်ကွက်အတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ၊ Surgical Maskများကို ပြည်သူများထံသို့ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep_2021 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၁) ရက်နေ့၊ (၀၈:၀၀) အချိန်မှ (၁၁:၃၀)အချိန်အထိ မိုးညိုမြို့နယ်၊ ရပ်ကွက် (၆)ရပ်ကွက်နှင့် ကျေးရွာ (၂)ရွာအတွင်း ကိုဗစ်-၁၉ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူ သိရှိလိုက်နာရန် အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး သဘာဝဘေး လက်ကမ်းစာစောင်များ၊ Surgical Mask များကို ပြည်သူလူထုများထံ ဝေငှပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









