Latest News
-
COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၁) ရက်နေ့တွင် ဂဝေသီစေတနာရှင်များ ပရဟိတအသင်းနှင့်ပူးပေါင်း၍ Stay at home ကြေငြာထားသောနေရာများဖြစ်သည့် မြိတ်မြို့နယ်၊ ကဘင်း၊ အဒွင်း၊ ကျောက်ဖျာကျေးရွာတို့တွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါမဖြစ်ပွားစေရေးအတွက် အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေး ကြေညာချက်များနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များအား အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2021 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်များနှင့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၀-၉-၂၀၂၁) ရက်နေ့၊ (၀၈း၀၀) အချိန်မှ (၁၁း၃၀) အချိန်အထိမော်တော်ယာဥ်ဖြင့်လှည့်လည်၍မိုးညိုမြို့နယ်၊ သခင်လှရှိန်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ဇောတိကရပ်ကွက်၊ ရွှေဥဒေါင်းရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်၊ သပြေပင်ကျေးရွာ၊ ဥယျာဥ်စုကျေးရွာ၊ ရွာသစ်ကျေးရွာနှင့်သာယာကုန်းကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေး လိုက်နာဆောင်ရွက်ရန်အချက်များအားလည်းကောင်း၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအားလည်းကောင်း မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့်ပူးပေါင်း၍ ပြည်သူလူထုအား အသိပညာပေးဆော်ဩခဲ့ပြီး Surgical Mask နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep_2021 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၁-၉-၂၀၂၁) ရက်နေ့၊ (၀၈း၀၀) အချိန်မှ (၁၁း၃၀) အချိန်အထိမော်တော်ယာဥ်ဖြင့်လှည့်လည်၍မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာ၊ ငှက်ပျောတုံးကျေးရွာ၊ ဆင်ကျွန်းကျေးရွာ၊ ကျားကျွန်းကျေးရွာ၊ မိုးသီတာကျေးရွာ၊ ပေါက်ကုန်းကျေး ရွာ၊ ရှောက်ပင်ကွင်းကျေးရွာနှင့်ဗောဓိကုန်းကျေးရွာတို့တွင် COVID-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်နာဆောင်ရွက်ရန်အချက်များအားလည်းကောင်း၊ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအားလည်းကောင်း မြို့နယ်ပြန်/ဆက်နှင့် ပူးပေါင်း၍ အသိပညာပေးဆော်ဩခဲ့ပြီး ပြည်သူလူထုအား Surgical Mask နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးနှင့် မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ရွာမကျေးရွာနှင့် အထက်ပေကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာတို့တွင်(၁၉-၉-၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်(၈)လုံး၊ ဘေးသင့်လူဦးရေ(၃၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၈၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၈၁၉၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၈၈၁၉၀ဝိ/-)နှင့် Mask (၇၈)ခုတို့အား (၂၁-၉-၂၀၂၁)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_sep_2021 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၂၁)ရက်နေ့တွင် ရွှေဘိုခရိုင်၊ ဝက်လက်မြိုနယ်၊ ရှိမက္ကားကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်ပြိုလဲ၍ အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀၅၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၅၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၅၅၀ဝိ/-)အား (၂၁-၉-၂၀၂၁)ရက်နေ့ (၁၁း၀၀)အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_sep_2021 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၁-၉-၂၀၂၁) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်မှ (၁၃း၀၀)နာရီအချိန် ထိမွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ် ၊ ဒေးဗရိမ်းကျေးရွာတွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှင့်ပတ်သက်၍ သိရှိ လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည် အသိပေး နှိုးဆော်ခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)









