Latest News
-
COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၁)ရက်နေ့၊ (၁၀:၀၀) အချိန်မှ(၁၂:၀၀)နာရီအချိန်အထိ ပဲခူးမြို့နယ်၊ လိပ်ပြာကန်ရပ်ကွက်နှင့် ပုဏ္ဏားစုရပ်ကွက်အတွင်း ကိုဗစ်-၁၉ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိ လိုက်နာရန် အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေး လက်ကမ်းစာစောင်များ၊ Surgical Mask များကို ပြည်သူလူထုများထံဝေငှခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #bgo_sep2021 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်များနှင့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၉-၂၀၂၁)ရက်နေ့၊ (၁၃:၀၀)အချိန် မှ (၁၆:၀၀)အချိန်အထိ ပြည်မြိုန့ယ်၊ ရပ်ကွက်(၃)ရပ်ကွက်အတွင်း ကိုဗစ်-၁၉လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ၊ Surgical Maskများကို ပြည်သူများအား ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep_2021 Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရှင်မင်းဒွေကျေးရွာအုပ်စု၊ ရှင်မင်းဒွေကျေးရွာ(ကွက်သစ်) ၌ (၂၁-၉-၂၀၂၁) ရက်နေ့၊ (၀၃း၀၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် သက်တော်ရှည်၊ သက်တော်ရချောင်းနှင့် သရက်ကန်နှင့် ပေါက်တော်ကျေးရွာတို့မှလာသော ရေဆိုး ထုတ်ချောင်းတို့မှ ရေများဝင်ရောက်သဖြင့် ရှင်မင်းဒွေဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်သည့် အိမ်ခြေ (၇၆) စုမှ လူဦးရေ (၂၇၅) ဦးတို့တွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၇၇,၅၀၀/-) ကျပ်တို့အား (၂၄-၉-၂၀၂၁) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီချိန်မှ (၁၅:၃၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၊ နတ်ကုန်းကျေးရွာ၊ တောကြီးကုန်းကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ဇရပ်ဖြူကျေးရွာ၊ တန်(၄၀၀၀)ဘိလပ်မြေစက်ရုံ၊ လှာကာစံပြကျေးရွာ၊ ကူးဆိပ်ကျေးရွာ၊ ဘားပုကျေးရွာ၊ ကျုံပိုက်ကျေးရွာ၊ ခဲတောက်ကျေးရွာ၊ မုက္ကဒိကျေးရွာနှင့် ထွန်းလှကုန်းရပ်ကွက်များသို့သွားရောက်၍ ပြည်သူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခဲ့ပြီး Surgical Mask များနှင့်ဗီနိုင်းများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_sep_2021 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၄-၉-၂၀၂၁) ရက်နေ့၊(၁၀:၀၀)အချိန်မှ(၁၂:၃၀)အချိန်ထိ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အင်းဗြောင်ကျေးရွာ နှင့် ကတိုက်ကျေးရွာတို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးခြင်းတို့အား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar #mon_sep2021 Source: သထုံခရိုင်ဦးစီမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၂၁)ရက်နေ့တွင် (၁၀:၃၀)အချိန်မှ (၁၂:၀၀)အချိန်ထိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာနှင့်မုပ္ပလင်ကျေးရွာတို့၌ Covid-19 ကူးစက်ရောဂါပျံ့နှံ့မှုများ မဖြစ်ပွား စေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို Hand Speaker ဖြင့် လှည့်လည်အသိပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: ကျိုက်ထိုမြို့နယ်ဦးစီမှူးရုံး(ဘစမ)









